စစ်ကောင်စီ ရိက္ခာပို့သည့်ကားအား PDFမှတိုက်ခိုက်၊ ဗိုလ်ကြီးတစ်ဦးအပါအ၀င် သုံးဦးသေ

Author လင်းခိုင်
Categories
Published on Oct 26, 2022

စစ်ကောင်စီ ရိက္ခာလာပို့သည့် ကားအား PDF မှ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦးအပါအ၀င် သုံးဦးသေဆုံးခဲ့ကြောင်း God of Monywa People Defence Force (GPDF)က ယနေ့တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၅ ရက်တွင် မုံရွာ-အရာတော်လမ်းပိုင်း တစ်နေရာ၌ ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားမျာကို ရိက္ခာလာပို့သည် MR-2 ကားအား PDF များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ တိုက်ခိုက်မှုကြောင့် ကားပေါ်တွင် ပါရှိသည့် ငါးဦးအနက် နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအ၀င် သုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီ ရိက္ခာလာပို့သည့်ကားတိုက်ခိုက်ခံရပြီးနောက် ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားများသည် PDF များကို လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုစစ်ဆင်ရေးအား God of Monywa People Defence Force (GPDF) နှင့် သပြေညို ပြောက် ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။