စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဟားခါးမြို့တွင် ကလေးငယ် နှစ်ဦးသေဆုံး

Author မွန်လေး
Categories
Published on Oct 21, 2022

အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဟားခါးမြို့တွင် ကလေးငယ်နှစ်ဦးသေဆုံးခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ယနေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၃နာရီတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုံးကျေးရွာတွင် နေထိုင်သည့် အရပ်သားများအား ဒရုန်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် မူကြိုကျောင်းသူတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ အသက် ၆နှစ် အရွယ် မောင်ဟင်နရီဘွေဇလျန်းနှင့် အသက် ၇နှစ် အရွယ် မောင်ဂျိမ်းစ်ရှမ်းဇအုပ်တို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကလေးငယ်တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းနှင့် ကလေးငယ်နှစ်ဦး သေဆုံးခြင်းအပေါ် မိမိတို့ကောင်စီအနေဖြင့် ကျန်ရစ်သူမိသားစု၀င်များနှင့် အတူ ထပ်တူ၀မ်းနည်းကြောင်း၊ အရပ်ဘက်ပစ်မှတ်များအား ရက်စက်စွာပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။