စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့သည့် မုံရွေး-ကြေးမုံကျေးရွာမှ နေအိမ်များဖျက်ဆီးခံရ

Author ခေတ်နီ
Categories
Published on Oct 06, 2022

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေး-ကြေးမုံကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။

မုံရွေး-ကြေးမုံကျေးရွာကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ခွဲနာရီ အချိန်မှစတင်ပြီး စစ်ကောင်စီတပ်က အင်အား ၈၀ခန့်ဖြင့် ဝင်ရောက် စီးနင်းထားပြီး ကျေးရွာနေပြည်သူ ၁၀၀ ထက်မနည်းကို ဘုန်းကြီးကျောင်းများအတွင်းမှာ ဖမ်းဆီးထားကာ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယမန်နေ့အထိ မုံရွေး-ကြေးမုံကျေးရွာမှ အနည်းဆုံး နေအိမ် ၁၉လုံးခန့်ဟာ ဖျက်ဆီးခံခဲ့ရတာပဲဖြစ်သည်။

ထို့အပြင် အဆိုပါစစ်ကောင်စီတပ်ဟာ ကျေးရွာမှအမျိုးသား ၁၂ ဦးကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးထားကာ ခင်မွန်ကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။