စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာဖြစ်သည့် ဒဲ့ပြောသတင်းဌာနမှ သတင်းထောက်တစ်ဦးကို စစ်တပ်က ဖမ်းဆီး

Author ကိုပေါက်
Categories
Published on Nov 22, 2022

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်သည့် ဒဲ့ပြောသတင်းဌာနမှ သတင်းထောက်တစ်ဦးကို စစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့သည်ဟု နေပြည်တော် အသိုင်းအဝိုင်းက သိရသည်။

နေပြည်တော်ကောင်စီတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအပြီးမှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်သည်ဟု အမည်မဖော်မလိုသူသတင်းထောက်တစ်ဦးက CJ Platform ကို ပြောသည်။

.”ဘောအမလွန်ပြီး အဖမ်းခံရတာ ကိုဝင်းဦးက အမေစုလို့ခေါ်လို့ အဖမ်းခံရတာ သူက KNU နဲ့ပါတ်သတ်ပြီး NCA ပျက်သွားပြီဆိုပြီး ပြောလို့ ဖမ်းတာ နှစ်ယောက်စလုံးဖမ်းတာ”ဟု ပြောသည်။

ဒဲ့ပြောသတင်းဌာနမှ သတင်းထောက်ကိုဇော်မင်းဦးကို နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီက နေပြည်တော်ကအပြန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် သတင်းယူခဲ့သူတစ်ဦးက CJ Platform ကိုပြောသည်။

“KNU နဲ့ပါတ်သတ်ပြီးမေးတဲ့ကိစ္စ သူက၊ ကိုဝင်းဦးက အမေစုကိစ္စ နှစ်ဦးလုံး အဖမ်းခံရတယ် နေပြည်တော်က မပြန်ခင်ဖမ်းတာ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် NHP သတင်းဌာနမှ သတင်းထောက်ကိုဝင်းဦးနှင့် ဒဲ့ပြောသတင်းဌာနမှ သတင်းထောက် ကိုဇော်မင်းဦးတို့နှစ်ဦးကို နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးပြီး စစ်ဆေးနေသည်ဟု စစ်ကောင်စီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သူအချို့ဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သတင်းစာရှင်းလင်းပွဲ #KNU #ဒဲ့ပြော