စစ်ကောင်စီ၏ ရက်စက်မှုကို ရပ်တန့်ရန်နှင့် ပြည်သူများ အသက်ကို ကယ်တင်ရန် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာတွင် မည်သို့သောနည်းလမ်းရှိသနည်းဟု ဦးကျော်မိုးထွန်းမေးခွန်းထုတ်

Author လင်းခိုင်
Categories
Published on Oct 27, 2022

စစ်ကောင်စီ၏ ရက်စက်မှုကို ရပ်တန့်ရန်နှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ရန် လုံခြုံရေးကောင် စီနှင့် နိုင်ငံတကာ အသိုက်အ၀န်းတွင် မည်သို့သောနည်းလမ်းရှိသနည်းဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ မေးခွန်းထုတ်ခဲ့သည်။

အောက်တိုဘာ ၂၆ ရက်တွင်ပြုလုပ်သည့် ၇၇ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၁၆ ရက်က လက်ယက်ကန်းကျေးရွာတွင် လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦးအပါအ၀င် ၁၃ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်၊ အောက်တိုဘာ ၂၃ ရက်က ဖားကန့်မြို့နယ်၊ အနန့်ပါတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအ၀င် လူ ၁၀၀ ကျော်ခန့်သေဆုံးခဲ့ရသည့် ဖြစ်ဖြစ်များဖြစ်ပွားခဲ့သည်ဟု သံအမတ်ကြီးက လုကအစည်းအဝေး၌ ပြောကြားသည်။

စစ်တပ်သည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက် လျှက် ကျူးလွန်ထားသည့် ရာဇ၀တ်မှုများအတွက် ဒဏ်မခံရသည့် အစဉ်အလာကို ဆက်လက်အကျိုးခံစားခွင့် ရရှိနိုင်တော့မည်မဟုတ်ကြောင်းကို သက်သေပြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ICC ၏ တရားစီရင် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် လိုက်နာမည် ဟု NUG က ICCသို့ တရား၀င်အကြောင်းကြားထားပြီဖြစ်ကြောင်း၊ IIMMနှင့် Universal Jurisdiction တို့ကို အသုံးပြုက တာ၀န်ခံမှုရှိစေရေးအတွက် ကြိုးပမ်းနေသည့် ယန္တရာများတွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု စက်ဝိုင်း ရပ်တန့်ရမည့် အချိန်ကျရောက် ပြီဟု သံအမတ်ကြီး ကပြောကြားသည်။

ထို့ပြင် နိုင်ငံတကာမှ ဖိအားပေးမှု၊ အထူးအစီရင်ခံစာတင်သွင်းသူ၏ တောင်းဆိုမှုများရှိနေသော်လည်း စစ်တပ်အနေဖြင့် ပစ်ဒဏ်ခတ်ခြင်းမခံရဘဲ ဆက်လက်ရှိနေရာ အထူးအစီရင်ခံစာတင်သွင်းသူမှ နိုင်ငံတကာအသိုက်အ၀န်းသို့ ပြောကြားခဲ့မှုများ မရှိသယောင်၊ အပြစ်မဲ့ ပြည်သူများ၏ အသက်များ တန်ဖိုးမရှိသယောင်ဖြစ်နေသည်ဟု သံအမတ်ကြီးက ထောက် ပြပြောဆိုခဲ့သည်။

စစ်တပ်၏ ရပ်စက်သော လုပ်ရပ်များကြောင့် သေ ဆုံးခဲ့ရသော ပြည်သူများနှင့် ဒုက္ခခံစားနေရသော ပြည်သူများ၏ အသက်အိုးအိမ်ဘ၀များသည် တန် ဖိုးရှိပြီး အရေးကြီးကြောင်း၊ အထူးအစီရင်ခံစာ တင် သွင်းသူအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ် သော လုပ်ရပ်မျး ရပ်တန်နိုင်ရန်နှင့် ပြည်သူများ၏ အသက်များ ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီနှင့် အာဆီယံ အဖွဲ့၀င်နိုင်ငံများအပါအ၀င် နိုင်ငံတကာ အသိုက်အ၀န်းအား မည်သို့သောနည်းလမ်းများဖြင့် ဆက်လက် တိုက်တွန်းပေးသွားမည်ကို သိရှိလိုကြောင်း သံအမတ်ကြီးက မေးခွန်းထုတ်ပြောကြားခဲ့သည်။

Related News

Depend on news