စစ်ကောင်စီ၏ ဘုရားတောင်စခန်းကုန်း တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါ ၁၃ဦးသေ၊ လက်နက်များ သိမ်းဆည်းရမိ

Author ခေတ်နီ
Categories
Published on Sep 28, 2022

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့အဝင်ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ခလရ ၂၈၃ တပ်ရင်းက တပ်စွဲထားသည့် ဘုရားတောင်တပ်စခန်းကုန်းကို ယနေ့မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး(ဗှိူလ်မှူးအဆင့်အရာရှိ)အပါအဝင် ၁၃ ဦးသေးဆုံးခဲ့ပြီး ၁၇ ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားကာ MA4 ပူးတွဲ ၁ လက်၊ MA2 ၂ လက်၊ MA3 ၁ လက်၊ MA1 ၂ လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမတစ်လက်၊ ငါးကြင်းမြီးစက်လတ် ၁ လက်/နာတိုကျည် ၈၉ တောင့်၊ 5.56 ကျည် ၅၁၃ တောင့်၊ ကျည်ဘောက် ၁၆ ခုတို့ကို KNLAပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့တာပဲဖြစ်သည်။