စစ်ကောင်စီ၀န်ကြီး ဒေါ်သက်သက်ခိုင် ၏ Zoom အစည်းအဝေးတွင် တော်လှန်ရေးအဖွဲ့တစ်ခုမှ ၀င်ရောက် ဆန္ဒပြ

Author လင်းခိုင်
Categories
Published on Nov 25, 2022

 

စစ်ကောင်စီ၏ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဒေါ်သက်သက်ခိုင်၏ Zoom အစည်းအဝေးတွင် တော်လှန်ရေးအဖွဲ့တစ်ခုမှ ၀င်ရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယနေ့(နို၀င်ဘာ ၂၅ရက်) တွင် စစ်ကောင်စီက ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားတွင် တော်လှန်ရေးအဖွဲ့မှ ၀င်ရောက်ဆန္ဒပြခဲ့သည်။

ယင်းအစည်းအဝေးတွင် လူကိုယ်တိုင်နှင့် Online မှ တက်ရောက်ခြင်း ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒေါ်သက်သက်ခိုင် မိန့်ခွန်းပြောကြားပြီးနောက် တော်လှန်ရေးရဲဘော်များက စစ်ကောင်စီ၏ Zoom အစည်းအဝေးသို့ ၀င်ရောက်ဆန္ဒပြခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ဆန္ဒပြခဲ့သည့် တော်လှန်ရေးရဲဘော်များက “ လုံး၀အုပ်ချုပ်ခွင့်မရစေရ”၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စာသားနှစ်ခုပါသည့် Zoom နောက်ခံပုံများကို ပြောင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ၀င်ရောက်ဆန္ဒပြနိုင်မှုသည် စစ်ကောင်စီ လူကယ်ပြန်ဌာနမှ တော်လှန်ရေးဘက်တော်သားများ၏ ကူညီမှုဖြင့် အခမ်းအနားသို့ ၀င်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ ၅ မိနစ်ခန့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ဗီဒီယိုဖွင့်ပြခြင်း၊ အသံဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း Zoom Setting တွင် အဆိုပါလုပ်ဆောင်ချက်များကို ပိတ်ထားသည့်အတွက် စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သက်သက်ခိုင် #ZOOM #ဆန္ဒပြ