စစ်ကောင်စီအနေဖြင့် နိုင်ငံရေးကဏ္ဍအသီးသီးတွင် ဟန်ကိုယ်ဖို့ ဖြစ်နေသည့် အနေအထားရောက်ရှိနေဟု ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author မွန်လေး
Categories
Published on Jan 03, 2023

 

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးကဏ္ဍအသီးသီးတွင် ဟန်ကိုယ်ဖို့ ဖြစ်နေသည့် အနေအထားရောက်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ်၊ မန်း၀င်းခိုင်သန်းက ယနေ့တွင်ပြုလုပ်သည့် ၈၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိ ဆင်နွှဲ လျက်ရှိတဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍ အသီးသီးတွင် စစ်တပ်အနေနဲ့ နလန်မထူနိုင်အောင် ဟန်ကိုယ်ဖို့ ဖြစ်နေတဲ့ အနေအထားဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်” ဟု ပြည်ထောင်စု ၀န်ကြီးချုပ်က ပြောကြားသည်။

အဆိုပါ အခြေအနေအား စုပေါင်းအားဖြင့် ဆက်လက်တွန်းလှန်သွားရန်ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများ အနေဖြင့် တစုတစည်းတည်း စုပေါင်းကာ အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ရန် ခိုင်ခိုင်မာမာ အသင့်ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

တော်လှန်ရေးအင်အားစုများသည် နှစ် ၇၀ ကျော်ကြာပြီဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တွန်းလှန်ပြီး နှစ် ၇၀ ကျော်ရှည်ကြာခဲ့သည့် မြန်မာ့နိုင်ငံရေး ပြသနာကို အပြီးတိုင်ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းတွင် ဗမာလူမျိုးကြီးဝါဒ ကိုင်ဆွဲထားသည့် စစ်တပ်သည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ရန်သူသက်သက်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်သဖြင့် တိုက်ခိုက် ချေမှုန်းရမည်ဟု ပြောကြားခဲ့ခြင်း၊ ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်များသည် တော်လှန်ရေးအတွက် အားဖြစ်စေကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် NUG အနေဖြင့် ယခုနှစ်တွင် ပိုမိုထိရောက်မှုရှိအောင် လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ ၀န်ကြီးဌာနများအနေဖြင့် သူ့အလုပ်၊ ကိုယ့်၀န်ကြီးဌာန ဆိုတာမျိုးထက် ပူးပေါင်းဆောင်ရွက်မှ ထိရောက်အောင်မြင်နိုင်မည့် အလုပ်များရှိကြောင်း၊ ၀န်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

ဓာတ်ပုံ-NUG
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း