စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်သည့် စစ်ရာဇဝတ်မှုကို အခြားသူများကိုလွှဲချပြီး ဝါဒဖြန့်နေဟု AAထုတ်ပြန်

Author လင်းခိုင်
Categories
Published on Sep 18, 2022

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ပြီး စစ်ရာဇဝတ်မှုများကို အခြားသူကပြုလုပ်သည်ဟုလွှဲချ၍ ဝါဒဖြန့်နေကြောင်း AAက စက်တင်ဘာ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရေး နိုင်ငံရေး အဖက်ဖက်မှကျဆုံးပြီး အရ အရူးမီးဝိုင်းဖြစ်နေသည့် စစ်ကောင်စီတပ်သည် နိုင်ငံနယ်စပ်တလျှောက် စစ်အင်အားတိုးချဲ့ကာ ဂျက်လေယာဥ် လက်နက်ကြီးများ အလွန်အကျွံသုံးကာ အရပ်ဖက် စစ်ဖက်မခွဲခြားဘဲ မဆင်မခြင် ရမ်းသန်းပစ်ခတ်နေမှုများ နေရာအနှံ့ နေ့တိုင်းပြုလုပ်နေသဖြင့် မြန်မာနိုင်ငံအနှံ့ရှိပြည်သူများ ဒုက္ခရောက်နေကြောင်း AAက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၆ရက် ည ၈နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံဒေသအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်၁၇နှစ်အရွယ် Md Iqbalသေဆုံးပြီး နောက်ထက် ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည့်ကို စိတ်မကောင်းဖွယ်ရာကြားသိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ရက္ခိုင် ဘင်္ဂလားနယ်စပ်တွင် စစ်ရာဇဝတ်မှုများကို ယခင်နှစ်ကာလများက ကျူးလွန်ခဲ့ပြီး ၎င်းတို့ပြုလုပ်သည့် အဖြစ်အပျက်ကို အခြားသူပြုလုပ်သည်ဟု ဝါဒဖြန့်လွှဲချလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ရက္ခိုင်တပ်တော်အနေဖြင့် စစ်ကောင်စီ၏ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများဖြင့် မဆင်မခြင် ပစ်ခတ်နေသည့်လပ်ရပ်အားပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း AAက ထုတ်ပြန်ထားသည်။

Related News

Depend on news