စစ်ကောင်စီသည် ဝင်းရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအား လေယာဥ်ဖြင့်ဗုံးကြဲ

Author လင်းခိုင်
Categories
Published on Oct 06, 2022

KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၂နာရီ မိနစ် ၃၀မှ ၂နာရီ မိနစ်၄၀အတွင်း စစ်ကောင်စီ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဥ် သုံးစင်းဖြင့် ဝင်းရေးမြို့နယ်ရှိ မဲ့ကသာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မဲ့ကသာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးကာ ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အနီးနာရှိ ပြည်သူလူထုများသည်လည်း လေယာဥ်ဖြင့် ဗုံးကြဲမှုကို ကြောက်လန့်သောကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည်။

စစ်ကောင်စီတပ်များသည် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများသို့ လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မြန်မာနိုင်ငံနေရာအနှံ့တွင်ကျူးလွန်လျက်ရှိသည်။