စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လုပ်ဆောင်နေသည့်အတွက် နိုင်ငံတကာမှ စောင့်ကြည့်ပေးရန် ဦးကျော်မိုးထွန်း ကုလတွင်တောင်းဆို

Author လင်းခိုင်
Categories
Published on Oct 19, 2022

အကြမ်းဖက်စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လုပ်ဆောင်နေသည့်အတွက် နိုင်ငံတကာမှ စောင့်ကြည့်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တောင်းဆိုခဲ့သည်။

အောက်တိုဘာ ၁၈ရက်ပြုလုပ်သည့် ၇၇ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ) ၏ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုံ အဖွဲ့၀င်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အရေးပါသည့် နျူကလီးယားလက်နက်ကင်းမဲ့ဇုံ တည်ထောင်ရေးကို သဘောတူကြောင်း သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ပြည်သူ့အစိုးရသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် အလုံးစုံဖျက်သိမ်းရေးကို အဓိကအရေးပါသည့် ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် တရားမ၀င်အာဏာသိမ်းမှုသည် ရွေးကောက်ခံပြည်သူ့အစိုးရ၏ နျူကလီးယားလက်နက်ဖျက်သိမ်းမှုဆိုင်ရာ ဆောင်ရွက်ချက်များအပေါ်ထိခိုက်ခဲ့ပြီး စစ်ကောင်စီသည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စများတွင် ကောင်းမွန်သည့် မိတ်ဖက်မဖြစ်ခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

နိုင်ငံတွင်း ဆိုးဝါးသော စီးပွားရေးအခြေအနေများနှင့် အသိပညာ၊ အတတ်ပညာရှင်များ နိုင်ငံပြင်ပသို့ အစုလိုက်အပြုံလိုက်ထွက်ခွာနေမှုကို လျစ်လျူရှု့လျက် မြန်မာစစ်တပ်သည် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကုမပ္ပဏီတစ်ခုနှင့် မကြာသေးမီက စာချုပ်ဆိုထားသည့်အတွက် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် မြန်မာစစ်တပ်အား မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

Related News

Depend on news