စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀ နီးပါးပြုလုပ် ခဲ့ဟု NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 24, 2022

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀ နီးပါးပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၃ ရက် ည ၈နာရီခွဲ၀န်းကျင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၉ အနန့်ပါ ၌ အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ကချင်လွတ်မြောက်ရေးအဖွဲ့ နေ့ အထိမ်းအမှတ်ပွဲအကြို တေးဂီတဖျော်ဖြေပွဲပြုလုပ် နေစဉ် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်လေယာဉ် ၄စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနုပညာရှင် အ ချို့နှင့် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် အာဏာလုယူပြီး ကာလအတွင်း တိုင်းရင်းသား နယ်မြေများအပါအ၀င် မြန် မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူလုထုအား ပစ်မှတ် ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀ နီးပါးပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ကာ ပြည်သူထုနေအိမ်များ၊ ဘာသာရေး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်ဟု NUG ကထုတ်ပြန်ထားသည်။

ပြည်သူအများအပြားရှိနေသည့် ဂီတဖျော်ဖြေပွဲအား ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲကာ လူအစုလိုက် ရအပြုံလိုက် သတ်ဖြတ်မှုသည် ဂျနီဗာသဘောတူစာချုပ်၏ ပြဌာန်းချက်တွင် စစ်ရေးစစ်ရာ ကိစ္စများ ၏ အစိတ်အပိုင်း အဖြစ်ပါ၀င်ပတ်သက်နေခြင်းမဟုတ်လျှင် အရပ်သားပြည်သူများသည် တိုက်ခိုက်ခံရခြင်းဘေးမှ အကာအကွယ်ရရှိစေရမည်ဟု ပြဌာန်းထားသောကြောင့် စစ်ကောင်စီ ယခုလုပ်ရပ်သည် နိုင် ငံတကာ ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျဆုံးခဲ့သူ တစ်ယောက်ချင်းစီတိုင်းတွက် တရားမျှတမှုပြန်လည်ရရှိရေး ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့် အညီ အစွမ်းကုန်ကြိုးစားသွားမည်ဟု NUG က ကတိပြုထားသည်။

အရပ်ဖက် ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သော လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ စစ်ရာဇ၀တ်မှုများကို နေ့စဉ် ကျူးလွန်နေသည့် အကြမ်းဖက် စစ်ကောင်စီ၏ လုပ် ရပ်များ အမြန်ဆုံးရပ်တန်နိုင်ရေး ကုလသမဂ္ဂအပါအ ၀င် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် ထိရောက် သည့် အရေးယူမှုများ အမြန်ဆုံးဆောင်ရွက်ရေးအတွက် လူတန်းစားအားလုံး တောင်းဆိုလှုံဆော်မှုများပြုလုပ်ပေးရန် NUG ကတောင်းဆိုထားသည်။