စစ်ကောင်စီသည် တိုင်းရင်းသားအင်အားစုများနှင့် သွေးခွဲရန် နည်းမျိုးစုံသုံးနေဟု NUG ပြည်ထောင်စု ၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Oct 18, 2022

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားအင် အားစုများနှင့် သွေးခွဲရန် နည်းမျိုးစုံသုံးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မာန်း၀င်းခိုင်သန်းကပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအ စိုးရ၏ ၇၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခုဆိုရင် တိုင်းရင်းသားအင်အားစုတွေနဲ့ သွေးခွဲဖို့နည်းလမ်းစုံကို သုံးနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ခိုင်ခိုင်မာမာ လက် ချင်းချိတ်ထားနိုင်ဖို့လိုပါတယ်” ဟု ပြည်ထောင်စု ၀န်ကြီးချုပ်ကပြောကြားသည်။

အချို့အင်အားစုများဖြင့် ခိုင်ခိုင်မာမာ လက်မတွဲရသေးသော်လည်း ပူးပေါငးလုပ်ဆောင်ခြင်းများ အများကြီးရှိနေကြောင်း၊ တော်လှန်ရေးအပေါ် ဘုံရည်မှန်းချက် တူနေသည့်အတွက် ခိုင်မာအားကောင်းစေရန် အားထုတ်ဖို့လိုအပ်ကြောင်း ပြည်ထောင်စု ၀န်ကြီးချုပ်က ဆိုသည်။

ထို့ပြင် အရောင်အသွေးစုံလင်ပြီး ဖြတ်သန်းမှုမတူညီကြသည့်အတွက် နိုင်ငံရေးအရ နားလည်မှု ယူနိုင်ရန် မလွယ်ဘူးဆိုသော်လည်း လွယ်အောင်ကြိုးစားရခြင်းသည် နိုင်ငံရေးဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဦးတွင်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၌ တာ၀န်ရှိသောကြောင့် ပေါင်းစပ်ညှိနှိုင်းရန် ပြည်ထောင်စု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ဆက်လက်ပြီး Road Map ကိုလည်း ရှင်းရှင်းလင်းလင်းနှင့် နားလည်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာသို့ရှင်းပြနိုင်ရန် လုပ်ဆောင်သင့်ကြောင်းပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။

ယင်းအပြင် NUG အနဖြင့် အစိုးရအဖွဲ့အတွင်း ပေါင်းစပ်လုပ်ဆောင်ရမည့် ကိစ္စများကို ပေါင်းစပ်လုပ် ဆောင်ရင်း တော်လှန်ရေးအင်အားစုများအားလုံးနှင့်လည်း ပေါင်းစပ်ညှိနှိုင်းကာ တော်လှန်ရေး အောင် အောင်မြင်မြင်နှင့် အမြန်အဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းခဲ့သည်။