စစ်ကောင်စီရောင်းချသည့် ရွှေ၀ယ်ယူမည်သူ ပိုက်ဆံအလုခံရ၊ လုယူသွားသူမှာ Mytel ဝန်ထမ်းဖြစ်နေ

Author မွန်လေး
Categories
Published on Nov 24, 2022

 

စစ်ကောင်စီမှ ရောင်းချနေသည့် ရွှေ၀ယ်ယူမည့် အမျိုးသမီးတစ်ဦး၏ ပိုက်ဆံကို Mytel ၀န်ထမ်းတစ်ဦးမှ ကူသယ်ပေးမည်ဟုဆိုကာ လုယူ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် နောင်ချိုမြို့နယ်၌ နေထိုင်သည့် မအေးမြတ်မွန်ဆိုသူသည် စစ်ကောင်စီမှ ရောင်းချသည့် ရွှေ၀ယ်ယူရန် မန္တလေးမြို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်း၀ယ်ရေးလုပ်ငန်းရုံးခွဲသို့ နို၀င်ဘာ ၁၄ ရက်က သွားရောက်ရာတွင် Mytel ရုံးလုံခြုံရေး၀န်ထမ်း(အမျိုးသား)တစ်ဦးမှ ကျပ်ငွေ ၁၈၂ သိန်းထည့်ထားသည့် ကျောပိုးအိတ်ကို ကူသယ်ပေးမည်ဟုဆိုကာ ယူဆောင်သွားခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မအေးမြတ်မွန်မှ စစ်ကောင်စီ ရဲစခန်းတွင် အမှုဖွင့်ထားပြီး သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။

“မန္တလေးမြို့၊ ၆၆ လမ်း ကျုံးထောင့်က မြန်မာ့ကျောက်မျက်ရုံးမှာ သူက စစ်ကောင်စီရွှေသွား၀ယ်တာ၊ လုံခြုံရေး၀န်ထမ်းကနေပြီးတော့ လိုက်ပို့ပေးမယ်ဆိုပြီး ငွေထုပ်ကိုင်နောက်ကလိုက်တယ်။ အပေါ်ထပ်မရောက်ခင် ငွေထုပ်ယူဆင်းပြေးသွားတာ၊ ချက်ချင်းလိုက်ပေမယ့် မမှီဘူး” ဟု ငွေလုယူခံရသည့် မအေးမြတ်မွန်၏ အသိမိတ်ဆွေတစ်ဦးမှ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။

ငွေထုပ်အား လုယူခဲ့သူ အမျိုသား၏ မှတ်ပုံတင် နံပါတ်ကိုသာသိရှိပြီး လက်ရှိအချိန်ထိ နေရပ်လိပ်စာပင် မသိရှိရသေးကြောင်း ယင်းကဆိုထားသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေး #ရွှေ #လုယက်မှု #Mytel