စစ်ကောင်စီမှ သေဒဏ်ချခဲ့သည့် အရပ်သားဦးရေ ၁၄၀ နီးပါးထိရှိလာ

Author ခေတ်နီ
Categories
Published on Dec 02, 2022

စစ်တပ်အာဏာသိမ်းယူပြီး နောက်ပိုင်း နိုင်ငံအတွင်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ်ခံထားရသည့် အရပ်သားဦးရေသည် ၁၄၀ နီးပါးထိ ရှိနေပြီဖြစ်ကြောင်းနိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ကာ အရပ်သား၁၃၀၀၀ကျော်ကို ဖမ်းဆီးထားပြီး ထိုသို့ ဖမ်းဆီးထားသူများအထဲမှ လူ ၁၆၀၀ကျော်ကို ပြစ်ဒဏ်များ ချမှတ်ထားပြီး ၁၃၈ဦး သည် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရတာပဲ ဖြစ်သည်။

စစ်ကောင်စီ၏ သေဒဏ်ချမှတ်မှုများကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၃၀ ရက်နေ့မှာတင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးအပါအဝင် လူငယ် ၁၀ဦး သည်ထောင်တွင်းတရားရုံးများတွင် သေဒဏ်များ ချမှတ်ခံခဲ့ရသည်။

ယခုလိုစစ်ကောင်စီမှ သေဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရသူများ၏ မိသားစုများမှလည်း ဒါဟာ မတရားသဖြင့် အမိန့်ချခံရခြင်းဖြစ်ကြောင်း ပြောဆိုမှုများလဲ ရှိနေသည်။

” မတရားသဖြင့်အမိန့်ချလိုက်တာ လို့ပဲမြင်တယ် ဒါနဲ့ပတ်သတ်ပြီး ရှေ့နေနဲ့တိုင်ပင်ပြီး အယူခံဝင်ဖို့လုပ်နေတယ်”ဟု သေဒဏ်ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး၏ မိသားစုဝင်မှ ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ယခုကဲ့သို့သေဒဏ်ကျ အကျဥ်းသားများကို သတ်ဖြတ်မှုများလဲ လုပ်ဆောင်ခဲ့ဖူးပြီး ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလဲ စစ်ကောင်စီမှ သေဒဏ်ချမှတ်ထားသည့် ထင်ရှားသည့် နိုင်ငံရေးသမား ဦးဂျင်မီနှင့် ဦးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသား လေးဦးကို ထောင်တွင်း လူသတ်မှု ကျူးလွန်ခဲ့သည်။

စစ်ကောင်စီမှ ဖမ်းဆီးပြီး သေဒဏ်ချမှတ်မှုများကို နိုင်ငံတကာအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် အရေးယူပေးရန်ကိုလည်း ပြည်တွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများမှ တိုက်တွန်းတောင်းဆိုမှုများလဲ ရှိနေလျက် ရှိသည်။

ပုံစာညွှန်း- စစ်ကောင်စီမှ သေဒဏ်ချမှတ်ထားသည့် ပြည်သူအချို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သေဒဏ် #AAPP