စစ်ကောင်စီမှ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား အမှုဖွင့်အရေးယူဖမ်းဆီး

Author လဂွန်းအိမ်
Categories
Published on Oct 29, 2023

စစ်ကောင်စီမှ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သော ဦးရဲထွဋ်အား အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(က) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းစစ်‌ဌာနချုပ်မှ ပြည်သူများထိတ်လန့်စေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်အား အလုံမြို့နယ်ရဲစခန်းမှ (ပ) ၂၁၆/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၉ ရက် ယနေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဦးရဲထွဋ်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ယခုလပိုင်းအတွင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖမ်းဆီးအရေးယူရန် ဖော်ပြခြင်းခံခဲ့ရသည်။