စစ်ကောင်စီမှ ပြည်သူ့စစ်အတွက် ရိက္ခာဝယ်ခိုင်းသည့်ငွေကို ယူ၍ မဘသတစ်ဦးက မိန်းမခိုးပြေး

Author အောင်နိုင်သူ
Categories
Published on Sep 27, 2022

ကောလင်းမြို့နယ်တွင် ပြည်သူ့စစ်အတွက် ရိက္ခာဝယ်ခိုင်းသည့် ငွေကိုယူ၍ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးမှ မိန်းမခိုးပြေးသွားတာကြောင့် စစ်ကောင်စီက လိုက်လံရှာဖွေနေသည်ဟု မြို့ခံများထံမှ သိရသည်။

ကောလင်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် အမျိုးသားရေးလှုပ်ရှားသူများက စစ်သင်တန်းပေးခဲ့ပြီးနောက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစွည်းများဝယ်ယူရန် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးအား တာဝန်ပေးခဲ့ရာ ငွေကိုယူ၍ ထွက်ပြေးသွားတာဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

“ကန့်ဘလူက ရွာတွေမှာ မဘသဘုန်ကြီးနဲ့ စစ်ကောင်စီတပ်ပေါင်းပြီး စစ်သင်တန်းပေးနေတာ ပြီးခဲ့တဲ့ရက်က စစ်တပ်က ရိက္ခာဝယ်ခိုင်းတဲ့သူ ပြန်မလာလို့ စုံစမ်းကြည့်တော့ မိန်းမခိုးပြေးသွားတယ်ဆိုလို့ ဒေါသထွက်နေတယ်”ဟု ဒေသခံတစ်ဦးက CJ Platformကိုပြောသည်။

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအချို့တွင် ၅၅၀ ဆရာတော်၊စစ်လော်ဘီသတင်းဌာနမှ နောင်တော်လေးတို့ ဦးဆောင်ကာ စစ်သင်တန်းပေးခဲ့တာဖြစ်ပြီး ရိက္ခာဝယ်ယူသူမှာလည်း အမျိုးသားရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်ကတော့ မဘသတွေ ဘာတွေနားမလည်ဘူး အဲ့ဒီပိုက်ဆံရှာပေး မိန်းမခိုးပြေးရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ခိုးပြေးလေ သူတောင်းစားက တပ်က ပိုက်ဆံယူသွားတာ ခင်ဗျားတို့ရအောင်ရှာလို့ပြောတယ်”ဟု အဆိုပါ ဒေသခံမှ ဆက်လက်ပြောကြားသည်။

စားနပ်ရိက္ခာများဝယ်ယူရန် စစ်ကောင်စီတပ်မှ သိန်းငါးဆယ်နီးပါးယူသွားသည့် အမျိုးသားရေးလှုပ်ရှားသူ ကိုမင်းမင်းကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေသည်ဟု မြို့ခံတွေဆီကသိရသည်။

ကောလင်းမြို့နယ်အတွင်း ကြံ့ဖွံပါတီအားကောင်းသောကျေးရွာများတွင် စစ်ကောင်စီတပ်၊အမျိုးသားရေးလှုပ်ရှားသူများ၊ စစ်ကောင်စီလော်ဘီသတင်းဌာနနှင့် ကြံ့ဖွံပါတီဝင်အချို့မှ မကြာခဏပြည်သူ့စစ်ဖွဲ့ရန် စည်းရုံးရေးဆင်းလေ့ရှိသည်ဟု နိူင်ငံရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

#စစ်တပ်ရိက္ခာ #မဘသ #မိန်းမခိုးပြေး #ကောလင်းမြို့

Related News

Depend on news