စစ်ကောင်စီတပ် လုံခြုံရေးဖြင့် မြေပဲဖော်ရန် ထွက်လာသည့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

Author ခေတ်နီ
Categories
Published on Nov 23, 2022

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ လုံခြုံရေးယူပြီး မြေပဲဖော်ရန်ထွက်လာသည့် ပျူစောထီးများကို စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးသေဆုံးသွားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုမီးပွားထံမှ သိရသည်။

မြေပဲဖော်ရန်အတွက် စစ်တပ်လုံခြုံရေးယူကာထွက်လာသည့် မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွကျေးရွာမှ ပျူစောထီးအဖွဲ့ကို ယမန့်နေ့ မနက် ၇နာရီခန့်မှာ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် မဟာမိတ်အဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦး သေဆုံးကာ စစ်ကောင်စီတပ်သားနှင့် အခြား ပျူစောထီးတချို့ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“သရက်ကွနဲ့ ၄ ဖာလုံအကွာမှာဖြစ်တာပေါ့ ကြိုစောင့်ပြီးပစ်ခဲ့တာပျူ ၂ ယောက်တော့သေတယ် နောက်ပြီးတယောက်တော့ဒဏ်ရာရတယ် ကျတော်တို့တွေ့တာပေါ့ အဲ့ထက်ပိုလဲရနိုင်တယ်”ဟု ကိုမီးပွားမှ CJ Platform သို့ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့်အတူ ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၊ Middle Revolution Tesk Force (MRTF) ၊ JRT ၊ GOE ၊ Royal Seven တပ်ဖွဲ့ နှင့် ကိုအောင်ကြီး တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရုပ်သံ- ဝံပုလွေပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မကွေးတိုင်း #မြိုင်မြို့နယ် #ပျူစောထီး

Related News

Depend on news