စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ညောင်ကားရွာ မီးဘေးသင့်ပြည်သူများကို PDFတွေ လှူဒါန်းကူညီ

Author ခေတ်နီ
Categories
Published on Oct 11, 2022

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မီးရှို့မှုခံထားရသည့် ညောင်ကားရွာပြည်သူများကို အလှူငွေများ ထောက်ပံ့ကူညီခဲ့ကြောင်း မြို့ပြပျောက်ကြားစစ်ဆင်ရေးအဖွဲ့ Black catအဖွဲ့က ယနေ့မှာ ထုတ်ပြန်ထားသည်။

ညောင်ကားရွာရှိ မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီပေးရန်နှ င့်မြောင်အီးဂဲအဖွဲ့၏ စစ်ဖက်ဆိုင်ရာယာဥ်အသုံးပြုရန်၊ မော်တော်ဆိုင်ကယ်လိုအပ်ချက်ကို ကူညီပေးနိုင်ရန် ငွေကျပ် သိန်း ၂၀ ထောက်ပံ့ကူညီပေးခဲ့တာဖြစ်ောကာင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြောင်မြို့နယ်ရှိ ညောင်ကားရွာသည် ပြီးခဲ့သည့်အောက်တိုဘာလ ၈ ရက်နေ့က စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂ လုံးခန့် မီးလောင်ပျက်စီးခဲ့တာပဲ ဖြစ်သည်။