စစ်ကောင်စီတပ် ပစ်ခတ်သည့် ကျည်ထိမှန်ပြီး ခုနှစ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Nov 02, 2022

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သည့် ကျည်ထိမှန်ပြီး ခုနှစ်တန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုနွေဦး မှသူ၏လူမှုကွန်ရက်မှာဖော်ပြထားသည်။

ယနေ့ နိုဝင်ဘာလ ၂ရက်နေ့ မနက် ၅နာရီခန့်တွင် ကျောက်ရစ်ရဲစခန်းမှ အင်အား ၄၀ ကျော်ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် သနပ်ကုန်းရွာသိုရောက်ရှိလာပြီး သေနတ်များဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ကြတာပဲ ဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်းပုန်းအောင်းနေသည့် အသက် ၁၅နှစ်အရွယ် ၇ တန်းကျောင်းသူတစ်ဦး၏ လည်ဂုတ်နေရာအား ကျည်ထိမှန်ခဲ့တာဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ကျောက်ရစ်ရဲစခန်းမှ ယမန်နေ့ည ၉နာရီဝန်းကျင်တွင် ထွက်လာပြီး မနက် ပိုင်း၌ သနပ်ကုန်းရွာဘက်သိုရောက်ရှိကာ ပစ်ခတ်မှု လုပ်ဆောင်ပြီး ကျောက်ရစ်ရဲစခန်းသို့ ပြန်လည် ဝင် ရောက်သွားကြောင်း သိရသည်။
ဓာတ်ပုံ- CJ
ပုံစာညွှန်း- မြောင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ပြည်သူများစစ်ဘေးစစ်ကောင်စီတပ် ပစ်ခတ်သည့် ကျည်ထိမှန်ပြီး ခုနှစ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရပုံ

Related News

Depend on news