စစ်ကောင်စီတပ်၏ စျေးရောင်းပွဲတွင် ငွေဆယ်သိန်းပျောက်၍ တပ်ကြပ်ကြီးအပါအဝင်လေးဦး အဖမ်းခံရ

Author ကိုပေါက်
Categories
Published on Nov 26, 2022

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ အမ်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ ယနေ့ မနက်ပိုင်းတွင် သွားရောက်ရောင်းချရာ စျေးရောင်းရငွေ
ဆယ်သိန်းပျောက်ဆုံး၍ တပ်ကြပ်ကြီးအပါအဝင် လေးဦး ဖမ်းဆီး စစ်ဆေးခံနေရသည်ဟု မြို့ခံတွေဆီက သိရသည်။

အမ်းမြို့ အမှတ် ၃ စျေးရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေတွင် ယနေ့ နံနက်ပိုင်းက အမ်းတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချရာ စျေးရောင်းရငွေ ဆယ်သိန်းနီးပါး ပျောက်ဆုံးခဲ့တာဖြစ်သည်ဟု ဒေသခံတစ်ဦးက CJ Platform ကို ပြောသည်။

“ရပ်ကွက်မှာ ပျောက်တာမဟုတ်ဘူး အမ်းတပ်နယ်မှာ ပျောက်တာ တပ်ကြပ်ကြီးနဲ့ နောက်သုံးဦးကို ဖမ်းပြီး စစ်နေတယ်လို့ ပြောတယ်”ဟု ပြောသည်။

အမ်းတပ်နယ်မှ အမှတ် ၅ စစ်ဆင်ရေးဗျူဟာအဖွဲ့တွင်ပါဝင်သည့်အဖွဲ့မှ လုံခြုံရေးဖြင့် လိုက်ပါဆောင်ရွက်ပေးသူများမှ ဝိုင်းဝန်းရောင်းချပေးရင်း ယူသွားသည်ဟု တပ်နှင့်
နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“တပ်ကြပ်ကြီးအောင်မိုးရယ် တပ်ကြပ်နိုင်ချေရယ် နောက်နှစ်ဦးရယ် ပိုက်ဆံပုံးကိုင်တာဆိုတော့ သူတို့ကို ဖမ်းပြီးစစ်တာ စျေးရောင်းရငွေတောင် ခိုးတယ်ဆိုတော့ တပ်နယ်မှူးက ဒေါသထွက်နေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် တပ်ကြပ်ကြီးအောင်မိုးအပါအဝင်လေးဦးအား ခြေမြန်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမှတ် ၅၅ ခြေလျင်တပ်မဌာနချုပ် လက်အောက်ရှိ ရှေတန်းထွက်နေသည့် စစ်ကောင်စီတပ်သားများကို သွားရောက်ဖြေဖျော်သည့် မြဝတီအငြိမ့်အဖွဲ့မှ သိန်းငါးဆယ်ပျောက်၍ တပ်သားအချို့ စစ်ဆေးခံခဲ့ရသည့် ဖြစ်စဥ်လည်းရှိသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အမ်းမြို့ #စျေးရောင်း #ပိုက်ဆံပျောက်

Related News

Depend on news