စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် မိုးဗြဲက လူနေအိမ်တချို့ပျက်စီး

Author ခေတ်နီ
Categories
Published on Sep 10, 2022

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်ထဲမှစက်တင်ဘာ လ ၈ ရက်နှင့် ၉ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် လူနေအိမ်တချို့ကျည်ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ သိရသည်။

ဝါရီဆူးပလိုင်ကျေးရွာမှ စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များဘက်က ခုခံတိုက်ခိုက်သည့် တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့တာပဲဖြစ်သည်။

ထိုသို့ စစ်ကောင်စီဘက်ကတို က်ခိုက်မှုများကြောင့် အသက် ၇နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့ကာ အရပ်သားတချို့လဲ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အများအပြားပျက်စီးခဲ့တာဖြစ်ပြီး ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

အဆိုပါတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က ၃၀ဦးထက်မနည်းသေဆုံးခဲ့ကာာ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သေးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF (ဗဟို)ကယမန်နေ့မှာ ထုတ်ပြန်ထားသေးသည်။