စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် ထရန်စမာပုံးမှ မီးကြိုးများ အခိုးခံရ၍ မီးပြတ်

Author ကိုပေါက်
Categories
Published on Nov 13, 2022

 

မြောက်ဥက္ကလာပမြို့နယ် ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် ရပ်ကွက်ရုံးအနီးရှိ ထရန်စဖော်မာပုံးမှ မီးကြိုးများဖြတ်တောက်ခိုးယူခံရ၍ ရပ်ကွက်မီးပြတ်မှုနှင့် ကြုံတွေ့နေရသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

၁ ရပ်ကွက် သုမိတ္တာ ၁၄လမ်းနှင့် သုမိတ္တာ ၁၅လမ်း ထိပ် စစ်ကောင်စီတပ်များ အမြဲတစ်စေ ရှာဖွေ စစ်ဆေးရေး ပြုလုပ်နေသည့်နေရာရှိ ထရန်စဖော်မာပုံးမှ ဝါယာကြိုးများ ဖြတ်တောက်ခိုးယူခံရ၍ မီးပြတ်နေတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သူတို့ကို-င်မချသွားတာပဲ ကံကောင်း ဒါမှမဟုတ် မီးကြိုးတွေကို စစ်သားတွေများ ခိုးရောင်းနေသလား အောက်မေ့ရတယ် မီးမလာတာ အဲ့ဒါကြောင့်”ဟု ပြောသည်။

မီးကြိုးများ အခိုးခံရပြီးနောက် မီးပြတ်တောက်သွားပြီး နောက်ပိုင်းတွင် မီးလုံးဝမလာတော့ကြောင်း လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

“သံပန်းလုပ်ငန်းလုပ်တယ် ဘယ်အချိန်လုပ်ရမှန်းမသိဘူး မီးကလာတယ်လို့မရှိဘူး နောက်မှသိတာ ထရန်စမော်မာပုံးထဲက မီးကြိုးတွေအခိုးခံရလို့ဆိုတာသိတာ”ဟု ရှင်းပြသည်။

စစ်ကောင်စီတပ်များမှာ မီးကြိုးဖြုတ်ခိုးသည့် သူခိုးများကို ဒေါသထွက်နေပြီး ရပ်ကွက်အတွင်း လိုက်လံစုံစမ်းပေမဲ့ မသိရကြောင်း ရပ်ကွက်နေသူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် ရပ်ကွက်နေသူများ ပြောဆိုမှုများကြောင့် စစ်ကောင်စီတပ်နှင့်EPC များပူးပေါင်းပြီး ငွေစိုက်ကာ မီးကြိုးများပြန်လည်တပ်ဆင်နေသည်ဟု သိရသည်။

ဓာတ်ပုံ- CJ

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြောက်ဥက္ကလာပ #ထရန်စဖော်ကြိုးများဖြုတ်ခိုးခံရ