စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ပစ္စည်းများအား ရန်ကုန်တွင် လေလံတင်ရောင်းချသွားရန် ပြင်ဆင်နေ

Author ကိုပေါက်
Categories
Published on Jan 06, 2023

 

စစ်ကောင်စီ၏ လက်အောက်ခံ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ဖမ်းဆီး သိမ်းဆည်းထားသည့် ကုန်ပစ္စည်းများအား ရန်ကုန်မြို့တွင် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ နယ်စပ်နှင့် ပင်လယ်ရေကြောင်းတို့တွင် ပြီးခဲ့သည့်နှစ်က ဖမ်းဆီးရမိထားသည့် ကုန်ပစ္စည်းများကို ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနတွင် စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမှာ ဖြစ်သည်ဟု အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“ရောင်းတာက ဘယ်တော့ pရောင်းမလဲမသိဘူး လျှောက်လွှာတွေကို အခုလ ၇ ရက်က စရောင်းမှာ ပြောရရင် ကုန်လောက်ပြီဖြစ်မယ် တပ်အသိုင်းအဝိုင်းကပဲ လေလံဝင်ဆွဲကြမှာ”ဟု ပြောသည်။

လေလံတင် စျေးပြိုင်ရောင်းချမည့် ပစ္စည်းများမှာ အရက်၊ ပလပ်စတစ်ဖြတ်စ၊ Mattress Accessories၊ Leather Pieces၊ Us TV ၊ ဂီတာကြိုး၊ အင်ဂျင်ဝိုင်၊ Mobile Phone မျိုးစုံနှင့် အထွေထွေကုန်ပစ္စည်းများ ဖြစ်သည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“မနက်ဖြန်စပြီး လေလံဆွဲချင်သူတွေရဲ့ လျှောက်လွာတွေကို စရောင်းမှာ အလုံအကောက်ခွန်ဦးစီးဌာနက ကုန်လှောင်ရုံမှာ ရောင်းမှာ လျှောက်လွာတစ်စောင် ငါးထောင်လို့ သတ်မှတ်ထားတယ်”ဟု ပြောသည်။

လေလံပစ္စည်းများ ရောင်းချခြင်းကို အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက် ကွန်ကရစ်ကမ်းနားလမ်းရှိ အကောက်အခွန်ဦးစီးဌာန၏ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲအကောက်ခွန်(ကုန်လှောင်ရုံ)မှာ ဖေဖော်ဝါရီလ ၁ ရက်မှ ၃ရက်အထိ စျေးပြိုင်စနစ်ဖြင့် ရောင်းချသွားမှာဖြစ်သည်ဟု သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အကောက်ခွန်