စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ေ-သဆုံးမှုများနေသည့်အတွက် ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပိတ်

Author မွန်လေး
Categories
Published on Nov 19, 2022

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးများ သေဆုံးမှုများနေသည့်အတွက် ယင်းမြို့နယ်ကို ဆိုင်ကယ်စီးခွင့် ပိတ်လိုက်ကြောင်း စစ်ကောင်စီ၏ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က နို၀င်ဘာ ၁၈ ရက်ဖြင့် စာထုတ်ပြန်ခဲ့သည်။

ခရမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေးမှုးများကို မောင်တော်ဆိုင်ကယ်အသုံးပြုပြီး သတ်ခဲ့သည်ဟု ဆိုကာ ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင် လိုက်ခြင်းဖြစ်သည်။

“ ခရမ်းမှာက သွားရေးလာရေးကို၊ ဆိုင်ကယ်အဓိကထားအသုံးပြုနေရတာ၊ အခု ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တယ်ဆိုတော့ ဘယ်လိုမှ ကို အဆင်မပြေတော့ဘူး။ အဲ့ကောင်တွေ က သူတို့ခံရပြီဆို ပြည်သူကို တစ်နည်းမဟုတ်တစ်နည်း လိုက်ပြီး တင်းကျပ်နေတယ်” ဟု ခရမ်းမြို့နယ်တွင် နေထိုင်သည့် အသက်နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ခရမ်းမြို့နယ်အတွင်း နို၀င်ဘာ ၂၆ ရက်မှ စတင်ကာ ဆိုင်ကယ်စီးနင်းခွင့်ပြုတော့မည်မဟုတ်ဘဲ၊ အငှားဘေးတွဲဆိုင်ကယ်များ၊ ဘတ္ထရီစက်ဘီးများ၊ အနှေးယာဉ်များ၊ မော်တော်ယာဉ်များကို သာ အသုံးပြုခွင့်ပြုမည်ဟုဆိုသည်။

သတ်မှတ်ရက်ရောက်ပြီဆိုပါက ဆိုင်ကယ်စီးနင်းသူများကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများ၊ ရဲနှင့် စစ်သားများက ဖမ်းဆီးသွားမည်ဟုလည်း ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ခရမ်းမြို့နယ် #ဆိုင်ကယ်စီးနင်းခွင့်