စစ်ကောင်စီခန့် တနင်္သာရီတိုင်း၀န်ကြီးချုပ် လမ်းကြောင်း လုံခြုံရေးယူပေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 07, 2022

 

စစ်ကောင်စီခန့် တနင်္သာရီတိုင်း၀န်ကြီးချုပ် လမ်းကြောင်း လုံခြုံရေးယူပေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force-DGRF (ထား၀ယ်-ပကဖ)က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၅ ရက် နံနက် ၉နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်၊ သရက်ငုတ်ကျေးရွာအနီးတွင် အင်အား ၃၀၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဒေသခံ PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ PDF များဘက်မှ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ စက်သေနတ်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံ PDF များ လုံခြု့ဘေးကင်းရာသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ယခုစစ်ဆင်ရေးအား Dawei Guerrilla Revolutionary Force-DGRF (ထား၀ယ်-ပကဖ)နှင့် က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံ- ထားဝယ်ပကဖ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #တနင်္သာရီတိုင်း #ဝန်ကြီးချုပ် #PDF