စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လိုအပ်သည့် ပစ္စည်းများဝယ်ယူရန် တင်ဒါခေါ်ယူနေ

Published on Oct 03, 2022

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ရွေးကောက်ပွဲ ကျင်းပရာတွင် လိုအပ်သည့် ပစ္စည်းများအား ဝယ်ယူရန် တင်ဒါခေါ်ယူထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကျင်းပရာတွင် အသုံးပြုမည့် ဆန္ဒပြုခန်း (စက္ကကတ္ထူ) ၊ ပလတ်စတစ်မဲပုံး၊ ပလက်စတစ်ခြင်းတောင်း၊ ဘောပင်၊ ရင်ထိုးတံဆိပ်များ၊ စက္ကူစာအိတ်နှင့် အခြား ဆက်စပ်ပစ္စည်းများကို အောက်တိုဘာလ ၃၀ရက်နေ့ နောက်ဆုံးထားကာ တင်ဒါလျှောက်ထားရန် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဆိုသည်။

၂၀၂၀ အထွေရွေးကောက်ပွဲအား မျက်ကွယ်ပြုကာ အာဏာသိမ်းယူပြီးနောက် နိုင်ငံအနှံ့ ခုခံစစ်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီမှ ရွေးကောက်ပွဲလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တရားဝင်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှလည်း ကြေညာထားသည်။

အာဏာသိမ်း စစ်ခေါင်းများ ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ဖောက်ဖျက်ကာ အာဏာသိမ်းယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသည် ၂၀၀၈ အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲအား ပြန်လည်ကျင်းပရန် ပြင်ဆင်နေခဲ့သည်။

Related News

Depend on news