စစ်ကောင်စီက နေကြာပန်းယတြာ မချေသည့် ဝန်ထမ်းများကို ဒဏ်ငွေဆောင်ခိုင်း
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ယမန်နေ့ မနက်အစောပိုင်းတွင် လုပ်ဆောင်စေသည့် နေကြာပန်းယတြာအား ယတြာကူညီမလုပ်ဆောင်သည့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား တစ်ဦးလျှင် တစ်သောင်းနှုန်း ဒဏ်ငွေဆောင်ခိုင်းသည်ဟု ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
မင်းအောင်လှိုင် အနေကြာစေရန် နေကြာပန်းယတြာချေရန်တွင် စိုက်ပျိုးခြင်း ၊ပန်းအလှထိုးခြင်း ၊ခေါင်းတွင်ပန်ခြင်း ၊ဘုရားပန်းထိုးခြင်းစသည့် ယတြာများကို နိုဝင်ဘာလ ၉ရက်နေ့ နံနက် ၂ နာရီ ၄၀ မှ နံနက် ၈နာရီ ၄၀ အတွင်း ပြုလုပ်ရန် ညွှန်န်ကြားထားသည်ကို ပျက်ကွက်သည့်အတွက် ဒဏ်ငွေရိုက်ခံရတာဖြစ်သည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။
“အချို့ဝန်ထမ်းတွေက အစောကြီးထမလုပ်ဘူး ရာထူးကြီးတွေကတော့ သူတို့ရာထူးမြဲအောင် မအိပ်ဘဲ ယတြာလုပ်ပြီး ဓာတ်ပုံတွေပို့ပေးတာ အချို့ဝန်ထမ်းတွေကလည်း သတိမေ့ပြီး မလုပ်ဖြစ်ဘူး တော်တော်များများ ဒဏ်ရိုက်ခံရတယ်”ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက် မိန့်ခွန်းပြောမည့် Naypyitaw State Academy ၌ နေကြာပန်းများ ဝေဆာနေအောင် ပြုလုပ်ခဲ့ပြီး ယတြာချေပေးခဲ့၍ ချီးကျုးဂုဏ်ပြုစကားများပြောဆိုခဲ့သည်ဟုပညာရေးဝန်ကြီးနှင့် နီးစပ်သူတစ်ဦးက CJ Platfrom ကိုပြောသည်။
“ပညာရေးက ဆရာမတွေ တစ်ခန်းလုံး နေကြာတွေ ဝေဆာနေအောင် ထိုးပြတာရယ် ခေါင်းမှာ ပန်ပြတာရယ်ကြောင့် ဒဏ်အရိုက်မခံရဘူး”ဟု ပြောသည်။
ဝန်ကြီးဌာန လေးဆယ်ကျော်ရှိသည့် အနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးစီး၍ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ တောင်သူများကို မျိုးစေ့များပေး၍ စိုက်ပျိုးခိုင်ရာ စိုက်မည့်သူမရှိ၍ ဝန်ထမ်းများပါစိုက်ရသည်ဟု ဝန်ထမ်းအချို့ဆီက သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဦးသန်းရွှေ လက်ထက်ကလည်း ဗေဒင်ဆရာများယတြာချေခိုင်းသည့် ကြက်ဆူပင်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် စိုက်ပျိုးခဲ့ရသည့် ဖြစ်စဥ်လည်းရှိcJHသည်။
ဓာတ်ပုံ- CJ
ပုံစာညွှန်း- မင်းအောင်လှိုင်တက်ရောက်သည့် Naypyitaw State Academy တွင် နေကြာများပန်းများဖြင့် အလှဆင်ထားပုံ
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မင်းအောင်လှိုင် #နေကြာပန်း #ယတြာ