စစ်ကိုင်းမြို့၊ ညောင်ပင်ဝန်းရွာအား စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဝင်ရောက်ကာ ဒေသခံ ၁၀ ဦးအား ဖမ်းဆီးသွား

Author လင်းခိုင်
Categories
Published on Feb 09, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ညောင်ပင်ဝန်းရွာအား စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဝင်ရောက်ကာ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးမှ CJ Platform သို့ပြောကြားသည်။

ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီအင်အား ၁၀၀ ခန့်သည် ညောင်ပင်ဝန်းရွာသို့ သေနတ်များပစ်ခတ်ကာ ဝင်ရောက်လာပြီး ရွာခံ ၁၀ ဦးကို ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၇ ရက်နေ့တုန်းက ညောင်ပင်ဝန်းမှာ ရဲလေးဦး အပစ်ခတ်ခံရပြီးတော့ ၂ ဦးသေတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ရွာကိုဝင်မွှေတာ အမျိုးသမီးတစ်ဦး၊ အမျိုးသား ၉ ဦးကိုဖမ်းသွားတယ်။ အခုတပ်မ ၃၃ ကိုဖမ်းသွားပြီး၊ ကိုယ့်လူတွေ မသေပါစေနဲ့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင်လည်း ညောင်ပင်ဝန်းရွာ တစ်ဝိုက်တွင် စစ်တပ်မှ အင်အား ၅၀ ခန့်ချထားပြီး၊ မုံရွာ-မန္တလေး လမ်းပေါ်သို့ ဒေသခံပြည်သူများ ထွက်ရန်ပင် အခက်အခဲရှိနေသည်ဟု ယင်းက ဆက်လက်ရှင်းပြသည်။

ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် ညောင်ပင်ဝန်းရဲကင်းစခန်းရှေ့၊ စစ်ကိုင်း-မုံရွာ ကားလမ်းမပေါ်သို့ တက်လာပြီး ရေသန့်ဘူး သွားလဲ့သည့် ရဲအုပ်လှကို အပါအ ၄ ဦးသည် ပစ်ခတ်ခံရပြီး ဒုတပ်ကြသန်းညွန့်ဦးနှင့် ရဲတပ်သား မြတ်တိုးမောင် နှစ်ဦး သေဆုံးခဲ့ပြီး ရဲအုပ်လှကို နှင့် ဒုရဲတပ်ကြပ် သန်းဇော်တို့ စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ညောင်ပင်ဝန်းရွာသို့ အကြမ်းဖက်ဝင်ရောက်ပြီး ဒေသခံများကို မတရားဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ညောင်ပင်ဝန်းရွာ #လူသားဒိုင်း