စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

Author မွန်လေး
Categories
Published on Nov 04, 2022

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ကို ၄၀ မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့တွင် ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၃ ရက် ည ၉နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီ တပ်မ ၃၃ ကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ ၄၀ မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်မှုကြောင့် တပ်၀င်း အလယ်နှင့် အ၀င်ဂိတ်ပေါက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ယခု တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အပျက်အစီးကို သိရှိရခြင်းမရှိသေးကြောင်း၊ ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

နို၀င်ဘာ ၂ ရက်တွင်လည်း စစ်ကိုင်းမြို့နယ်အတွင်းရှိ မအူပင် အနောက်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့် ပတ်သက်သည့် သတင်းများကို စစ် ကောင်စီသို့ ပေးပို့နေသည့် သတင်းပေးဟုဆိုသည့် ကို၀င်းခိုင်ကိုလည်း ဇေယျာညီနောင်ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်းလည်းသိရသည်။
#စစ်ကိုင်းတိုင်း #တပ်မ၃၃ #ဗုံးပစ်ခံရ

Telegram Link: https://t.me/cjplatform
Website Link: https://cjplatform.com/

Twitter Link: https://twitter.com/CjPlatform