စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျူများနှင့်ထိတွေ့ပစ်ခတ်မှုတွင် ပျူစောထီးတစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Dec 07, 2023

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်တွင် လက်နက်ကိုင်ဆောင်လာသော ပျူစောထီးများနှင့် ဒေသခံကာကွယ်ရေး တပ်သားများအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာ (၆) ရက်နေ့ နံနက် (၁၀) နာရီခန့်က စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံပျူရွာအတွင်းရှိ  ပျူစောထီးတစ်ဦးသည်  ဆိတ်ကျောင်းထွက်လာစဥ် လက်နက်ကိုင်ဆောင်လာသော ပျူစောထီးငါးဦးနှင့်အတူ တောင်မြို့ကျေးရွာ နယ်နိမိတ်အထိ နယ်ကျွံ၍ ၀င်ရောက်လာသောကြောင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့​ကြောင်း ၊ ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

” သူတို့ရွာက ယောကျာ်းရော မိန်းမတွေပါ လက်နက်ဆောင်ထားတဲ့ ပျူရွာတစ်ခုပါ၊ ဒီဆိတ်ကျောင်းလာတဲ့သူမှာလည်း လက်နက်ပါတယ် သူ့နောက်က အရံ ငါးယောက်ပါတယ်။ နယ်ကျွံလာတာရော လက်နက်နဲ့  ဆိုတော့ ပစ်ခတ်မှုဖြစ်တယ်။ သူတို့က ပ( ပဇောက်) ပုံစံနဲ့ မီတာ ၁၀၀ ကျော် အကွာက ပစ်တယ် ဒီဖက်ကလဲ ပစ်တာပေါ့ ဆိတ်အုပ်နဲ့ ပျူတစ်‌ေ-ာင်သေတယ် ။ ကျန် ၅ ‌ေ-ာင်ကလွတ်သွားတယ်  “ဟု မြေပြင်တိုက်ပွဲ ရဲဘော်တစ်ဦးက ပြောသည်။

 

ပစ်ခတ်မှုအတွင်း ၄င်းသေဆုံးသူထံမှ  G3 တစ်လက် သိမ်းဆည်းရမိကြောင်း ၊ ဆိတ်အကောင်ရေ ၁၀ ကျော်သာ သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းအရင်းမြစ်များက အတည်ပြုပြောကြားသည်။

 

ကြွယ်ပုံကျေးရွာသည် စစ်အုပ်စုက အထိုင်ချနေသောကြောင့် နီးစပ်ရာကျေးရွာများမှ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၊ လုယက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ၊  ပြီးခဲ့သော ၂၀၂၂ ခု သြဂုတ်လ ၂၉ ရက်နေ့ ကလည်း စစ်ကောင်စီတပ်နှင့် ကြွယ်ပုံရှိ ပျူစောထီးများက တောင်မြို့ရွာအတွင်း စီးနင်း၀င်ရောက်ကာ နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအား သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Google