စင်တင်သွားကဲဖို့ ဧည့်စာရင်းကြေး လိုက်ယူသည့် ရာအိမ်မှူးတစ်ဦး ပိုက်ဆံမရဘဲ အပစ်ခံရ

Author ကိုပေါက်
Categories
Published on Nov 20, 2022

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၇ ရပ်ကွက်တွင် ဧည့်စာရင်းဖိုးငွေ လိုက်ယူသည့် ရာအိမ်မှူးတစ်ဦး ယနေ့ညပိုင်းကသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု မြို့ခံတွေဆီက သိရသည်။

အမှတ် ၇ ရပ်ကွက် ရာအိမ်မှူးဦးဝင်းကျော်သူ နေထိုင်ရာ နေအိမ်သို့ ယနေ့ည ခြောက်နာရီဝန်းကျင်က အမည်မသိအမျိုးသားလေးဦး ရောက်ရှိလာပြီး ဧည်စာရင်းလာရောက်တိုင်ကြားခဲ့ရာ ဧည့်စာရင်းဖိုးငွေလိုက်ယူရင်း သေနတ်ဖြင့် ပစ်ခံရတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သူက ဧည့်စာရင်း လချုပ်နဲ့တိုင်ပေးမယ် တစ်ယောက် တစ်သောင်းခွဲကျမယ် လေးယောက်ဆို ခြောက်သောင်း တက်နိူင်လားဆိုပြီး မေးတော့ အဲ့ဒီလူလေးယောက်က လိုက်ယူဆိုပြီး လမ်းတစ်ဝက်မှာ ပစ်သွားတာ “ဟု ပြောသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၇ ရပ်ကွက် တေးဥယျာဉ် ၁၀လမ်းရှိ ရာအိမ်မှူးနေအိမ်သို့ အမည်မသိလူလေးဦးမှဧည့်စာရင်း တိုင်ချင်သည်ဟု ပြောဆို၍ ပိုက်ဆံလိုက်ယူရန် ပြောဆိုရာ အနီးရှိဆယ်အိမ်မှူးတစ်ဦးမှ လိုက်မသွားရန် ပြောဆိုတားမြစ်ရာ မရခဲ့ဘဲ ပစ်ခတ်ခံရတာ ဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“မက်လုံးပေးပြီးခေါ်တာ ဆယ်အိမ်မှူးက မလိုက်နဲ့ပြောတာ မရဘူး ဒီညစင်တင်သွားပြီး ကဲလို့ရပြီလို့တောင် ပြောသွားသေးတယ် ခဏနေတော့ သေနတ်သံလေးချက်လောက်ကြားတယ် ထင်တဲ့အတိုင်းပဲ အပစ်ခံရတာ”ဟု ပြောသည်။

ပစ်ခတ်ခံရမှုနှင့် ပါတ်သတ်ပြီး ရပ်ကွက်နေသူများ၏ ပြောဆိုချက်အရ ရာအိမ်မှူးသေဆုံးသွားသည်ဟု သိရပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုနိူင်ခြင်းမရှိပေ။

လက်ရှိအခြေအနေတွင် ပစ်ခတ်မှုဖြစ်ရာ ၇ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်များ ရောက်ရှိနေပြီး လမ်းသူလမ်းသားများကို စစ်ဆေးနေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လှိုင်သာယာမြို့နယ် #ရာအိမ်မှူး #ပစ်ခတ်မှု