စက်တင်ဘာလအတွင်း ရခိုင်အပါအဝင်ဒေသ သုံးခုမှာ စစ်ဘေးရှောင် ၁သောင်းနီးပါးတိုးလာ

Author ခေတ်နီ
Categories
Published on Sep 28, 2022

ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်း ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ် တို့မှာ တိုက်ပွဲများကြောင့် ၂ လတာအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံအရေအတွက်ဟာ ၁သောင်း နီးပါးအထိ ရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၉၀၀၀ နီးပါးဟာနေရပ်စွန့်ခွာနေရပြီး မြို့နယ်အများစုမှာ လက်နက်ကြီးပစ်ခတ်မှုအရပ်သား အိုးအိမ်ပျက်စီးမှုနှင့် အသွားအလာကန့်သတ်မှုနဲ့ ဖမ်းဆီးမှုများဖြစ်နေပြီး စစ်ဆေးရေးဂိတ်များ တိုးလာကာလမ်းပိတ်ဆို့မှုများနှင့် လူသားချင်းစာနာမှုလုပ်ငန်းများအပေါ် ထပ်တိုးကန့်သတ်တာတွေကြောင့် ရခိုင်ဒေသခံများအတွက် လူမှုဘဝအခက်အခဲ ပိုတိုးလာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိသည်။

ထို့အပြင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် ကျေးရွာ ၃ရွာက ပြည်သူ ၄၀၀ခန့် ဟာနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီးလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က လူ ၅၅၀ ခန့်ဟာလဲ နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်များအရ စစ်တပ်ကအာဏာသိမ်းခဲ့သည့်၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခနဲ့မလုံခြုံမှုများကြောင့်နိုင်ငံတဝှမ်းမှာ လူဦးရေ ၁ဒသမ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်သည်။