စက်တင်ဘာလအတွင်း တပ်မဟာ ၁ နယ်မြေမှာစစ်ကောင်စီ တပ်သား ၄၈ဦးသေ

Author ခေတ်နီ
Categories
Published on Oct 07, 2022

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူအုပ်ချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ စက်တင်ဘာလအတွင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၁ တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၄၈ ဦးသေဆုံးခဲ့တယ်လို့ KNU (ဗဟို)က ယမန်နေ့ညပိုင်းမှာထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁ လတာအတွင်းတပ်မဟာ ၁ နယ်မြေမှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ပေါင်း၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၄၈ ဦးသေဆုံးကာ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်၏ MA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀) တောင့်နှင့် ခြောက်လုံးပြူး အတို (၁) လက်တို့ကို KNLA နှင့် ပူးပေါင်းတပ်များမှ သိမ်းဆည်းရမိခဲ့ပြီးစစ်ကောင်စီ စစ်ကား (၁၀) စီးကိုလဲဖျက်ဆီးနိုင်ခဲ့တယ်လို့သိရသည်။

ထို့အပြင်ထိုလအတွင်းမှာပဲ KNLAတပ်မဟာ ၁ ထံသို့ လက်နက်နှင့် အလင်းဝင်ပူးပေါင်းလာသူ စစ်ကောင်စီ တပ်သား (၂) ဦးရှိတယ်လို့လဲထုတ်ပြန်ချက်မှာပါရှိသည်။

စစ်ကောင်စီတပ်များမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် နေအိမ် (၄) လုံးနှင့် ကား (၁) စီးပျက်စီးကာ ကျွဲ၊ နွားများလည်း ထိမှန်သေဆုံးမှုရှိခဲ့သည်။