” ငါ့မှာဝင်ငွေ မရှိတော့ဘူး။ အခု ဖုန်းလည်းကွဲသွားပြီ။ ဒါတွေအားလုံး သောက်သုံးမကျတဲ့ မင်းအောင်လှိုင်ကြောင့်” ဟု ပို့စ်တင်ခဲ့သည့် CDM ဆရာမကို စစ်ကောင်စီ ဖမ်းဆီး

Author မောင်ဒဂုံ
Categories
Published on Oct 27, 2022

ဖေ့စ်ဘွတ်ပေါ်သို့ ” ငါ့မှာဝင်ငွေ မရှိတော့ဘူး။ အခု ဖုန်းလည်းကွဲသွားပြီ။ ဒါတွေအားလုံး သောက်သုံးမကျတဲ့ မင်းအောင်လှိုင်ကြောင့်” ဟု ဆိုကာ ပို့စ်တင်ခဲ့သည့် CDM ကျောင်းဆရာမတစ်ဦးနှင့် သူမ၏ အမျိုးသားတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၂၄ရက် မွန်းလွဲ ၃နာရီခန့်တွင် အာဏာသိမ်းပြီးကတည်းက CDM ပြုလုပ်ခဲ့သည့် တာချီလိတ်မြို့မှ CDM ကျောင်းဆရာမနှင့် သူမ၏ အမျိုးသားတို့ကို စစ်ကောင်စီတပ်များက တာချီလိတ်မြို့နယ်၊ ဖန်းမင်းကျေးရွာ၌ ဖမ်းဆီးခဲ့သည်။

အဆိုပါ ကျောင်းဆရာမသည် သူမ၏ ဖေ့စ်ဘွတိအကောင့်၌ ” ” ငါ့မှာဝင်ငွေ မရှိတော့ဘူး။ အခု ဖုန်းလည်းကွဲသွားပြီ။ ဒါတွေအားလုံး သောက်သုံးမကျတဲ့ မင်းအောင်လှိုင်ကြောင့်” ဟု အဓိပ္ပါယ်ရသည်ါ ပို့စ်တစ်ခုကို တင်ရှိခဲ့သည်ဟု Chindwin News Agency က အင်္ဂလိပ်ဘာသာဖြင့် သတင်းဖော်ပြထားသည်။

ယခုဖမ်းဆီးခံရသည့် CDM ဆရာမ သည် CDM ပြုလုပ်ခဲ့သည်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ကတည်း က ဖြစ်ပြီး အလုပ်လက်မဲ့အဖြစ် စီးပွားရေး ကျပ်တည်းနေရသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။