“ငါတို့ လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှု ရန်ကုန်နှင့် ကမ္ဘာ့မြို့ကြီးများတွင် ကျော်ကြားသူများဖြင့်ပြုလုပ်

Author လင်းနွေဦး
Categories
Published on Nov 14, 2023

တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် နိုင်ငံခြားသားများပူးပေါင်းပါဝင်ခဲ့သော “ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုကို ယမန်နေ့က ရန်ကုန်နှင့် ကမ္ဘာ့နိုင်ငံများရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြောင်း Yangon Revolution Force (YRF)က ထုတ်ပြန်သည်။

“ဒီနှစ်မှာလည်း ကျွန်ုပ်တို့အနေနဲ့ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတဝန်းအပြင် ဩစတြေးလျ(Australia)၊ ယူကရိန်း(Ukraine)၊ အမေရိကန်ပြည်ထောင်စု နယူးယောက်(New York)၊ ချက်(Czech Republic)အစရှိတဲ့ ကမ္ဘာအနှံ့အပြားက နေရာတွေမှာပါ အလားတူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြတဲ့ လူအများစုကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်” ဟု YRF မှ ၎င်းတို့ ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ယခုလှုပ်ရှားမှုတွင် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် မြတ်နိုးအေး၊ ပိုင်ဖြိုးသု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်၊ နိုင်ငံတကာအရေးစောင့်ကြည့်လေ့လာသူ Davit Petrosyan ၊ မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာ တေဇာဆန်း၊ ရက်ပ် အဆိုတော်လည်းဖြစ်၊ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သော သဇင်ညွှန့်အောင်နှင့် အခြားသော တော်လှန်ရေးရဲဘော်များပါဝင်ခဲ့ကြောင်း သိရသည်။

မကြာခင်မှာလည်း အားလုံးပါဝင်နိုင်သော “ငါတို့လုံချည် ငါတို့အောင်ပွဲ” နှင့်ပတ်သက်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားရန်အစီအစဉ်ရှိကြောင်း YRF က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း စစ်အုပ်ချုပ်ရေးကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် “ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုကို ရန်ကုန်မြို့တော်အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးရဲဘော်များက ပြုလုပ်ခဲ့သည်။

Related News

Depend on news