“ငါတို့ကငြမ်းဖြစ်တယ်”
ဘုရားပြီးရင်ငြမ်းဖျက်ရတယ်
ဘုရားတွေလက်ညှိးထိုးမလွဲ
ငြမ်းတွေတာဝန်ကျေတာ
ဒါဟာ သက်သေပါပဲ။
ဒီမြေကြီးကထွက်လာတူပေမဲ့
နှစ်ရှည်ခံပင်တွေအတွက်
ငါတို့က ငြမ်းတွေဖြစ်တယ်
ငါတို့မျိုးဆက်က
အသက်ပေးသွေးကြွေးအတွက်
အဆက်ဆက်ချီတက်နေတယ်
ငါတို့ကငြမ်းတွေဖြစ်တယ်
အာဏာကို သူခိုးထခဲ့တဲ့
အာဏာရှင်စစ်မိစ္ဆာ အစိုးမရတွေရဲ့
အာဏာစက်ဝန်းမလည်ပတ်နိုင်ဖို့
ငြိမ်းချမ်းသောCDMလှုပ်ရှားမှုတွေနဲ့
ဆိတ်ငြိမ်စွာ တော်လှန်ခဲ့ကြ
ငါတို့ကအလိုတူစွာငြမ်းဖြစ်ခဲ့တယ်
လှေခွက်ချည်းကျန် အလံမလှဲ
ရထားတွဲတိုင်းခေါင်းပါတယ်ကြုံးဝါးရင်း
ရဲရဲချီတက်နေဆဲ ရဲဘော်တွေ
အုတ်နံရံအကျဉ်းတိုက်ထဲရောက်နေပေမဲ့
လက်သုံးချောင်းထောင်ရင်း
အစာငတ်ခံဆန္ဒထုတ်ဖော်နေကြ
ငါတိုက ရဲရင့်သောငြမ်းတွေဖြစ်တယ်
အညတရ နိုင်ငံရေးအကျဉ်းသား
CDMသူရဲကောင်းများနဲ့
ကျဆုံးသွားသောရဲဘော်များစွာ
ငါတို့ဟာ ကျေနပ်စွာငြမ်းဖြစ်ခဲ့ကြတယ်။
မင်းဘုဏ်းလူ(၅၀၅)
ကဗျာအမည် = ငါတိုကငြမ်းဖြစ်တယ်
ကဗျာရှင် = မင်းဘုဏ်းလူ (၅၀၅)
ကဗျာဖတ်သူ = ရွှေဘ