ဂျာမနီတွင် လူမှောင်ခိုသယ်ဆယ်လာသော ဗန်ကားတစ်စီး တိမ်းမှောက်၊ (၇) ဦးသေဆုံးကာ (၁၆) ဦး ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Oct 13, 2023

ဂျာမဏီနိုင်ငံတောင်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုသယ်ဆောင်လာသော ကားတစ်စီး ယနေ့ မွန်းလွဲ ၃ နာရီအချိန့်ခန့် က တိမ်းမှောက်ခဲ့ကြောင်း The Associated Press Media မှ ဖော်ပြသည်။

၎င်း ဗင်ကားတွင် ပုံမှန်ထက် ကျော်လွန်သော လူအရေအတွက် (၂၃) ဦး အထိ တင်ဆောင်ထားပြီး မှောင်ခိုဝင်လာသော ရွှေ့ပြောင်းသူများဟု သံသယရှိကြောင်း ဂျာမန် ရဲများမှ သတင်းထောက်များကို ဖြေကြားသည်။

ရဲများ၏ ပြောပြချက်အရ ဗင်ကားမောင်းသူမှာ စစ်ဆေးရေးဂိတ်အား ရှောင်ရှားရန် အရှိန်တင်မောင်းနှင်စဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်မှုအတွင်း (၇)ဦး သေဆုံးကာ (၁၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုမှာ Ampfing(အမ်ဖင်) အနီး မြူးနစ် မြို့ အရှေ့ပိုင်း ရှိ ဩစတေးလျ နယ်စပ်သို့ ဦးတည်သော A94 အမည်ရ အဝေးပြေးလမ်းမပေါ်တွင် ပြောင်းပြန်လှန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး စတင် ဖြစ်ပွားစဉ်က ဗင်ကားမှာ လှမ်းမှ ချော်ထွက်ကာ အပတ်ရေ များစွာ လည်ပြီးနောက် ယခုလို ဖြစ်ပွားရခြင်းဖြစ်သည်ဟု ရဲများမှ ဆိုသည်။

Bavaria (ဘာဗရီယာ) ပြည်နယ် ၏ ထိပ်တန်းလုံခြုံရေး အရာရှိ နှင့် ပြည်ထဲရေး ဝန်ကြီးဖြစ်သူ Joachim Hermann(ဂျိုအာချမ် ဟာမမ်) မှ ” သေဆုံးသူတွေ ထဲမှာ ကလေးငယ်တစ်ယောက် ပါဝင် ခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ နီးစပ်ရာဆေးရုံတွေကို ခေါ်သွားခဲ့ပြီး လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ရဲများရဲ့ ထွက်ဆိုချက်အရ ဩစတေးလျန်း ယဉ်မောင်းသူ သည် ပြည်နယ်မဲ့ တစ်ယောက် ဖြစ်ပြီး ၎င်း၏ ကားမှာ လူ(၉) ဦးသာ သယ်ဆောင် နိုင်သော်လည်း ယခုလို များပြားသော လူများအား သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူများတွင် ဆီးရီးယားနှင့် တူရကီများပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် လများအတွင်း ဂျာမနီနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသူအရေအတွက်များစွာ ရောက်ရှိလာခဲ့ပြီး ယခု တမ်းမှောက် သော A94 အဝေးပြေးလမ်းမှာ မှောင်ခို ဝင်ရောက်သူများ မကြာခဏ အသုံးပြုလေ့ရှိသောကြာင့် ယခုလို စစ်ဆေးမှုများ လုပ်နေသည့်ကြားမှပင် ဖြစ်ပွားခဲ့ရကြောင်း AP media မှ ဆိုသည်။

ရှေ့ရက်သတ္တပတ်ပိုင်း အတွင်းတွင်လည်း ယခုကဲ့သို့ ရွှေ့ပြောင်းသူများ သယ်ဆောင်လာသော ယာဉ်တစ်စီးသည် ယခုအခင်းဖြစ်ပွားသည့်နေရာနှင့် ၅၀ ကီလိုမီတာ အကွာ ဂျာမနီ-ဩစတေးလျ နယ်စပ်အနီးတွင် ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ။

ပြီးခဲ့သည့် အောက်တိုလာ ၁၂ ရက် ကြာသပတေးနေ့ တွင်လည်း ပြင်သစ်ကားလိုင်စင်ဖြင့် ရွှေ့ပြောင်းသူများ မှောင်ခိုသယ်လာသော ကားတစ်စီး ဟန်ဂေရီတွင် တိမ်းမှောက်ကာ ၂ ဦးသေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း BBC media မှ ဖော်ပြသည်။