ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် အမိန့်ချ

Author အောင်နိူင်သူ
Categories
Published on Oct 06, 2022

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရု ကူဘိုတာ (Toru Kubota) ကို ယမန်နေ့ အောက်တိုဘာ ၅ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ခုနှစ်နှစ် အမိန့်ချခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတွေဆီက သိရသည်။

အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ မစ္စတာ တိုရု ကူဘိုတာ (Toru Kubota) ကို ယမန်နေ့ က ပုဒ်မ ၅၀၅(က)နှင့်အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခဲ့တာဖြစ်သည်ဟု ရှေနေတစ်ဦးက ပြောသည်။

“ပုဒ်မ ၅၀၅ (က)ရော ပုဒ်မ ၃၃ (က) ရော အမိန့်ချတာ ခုနှစ်ကျတယ် လဝကက ဖွင့်ထားတဲ့ ပုဒ်မ ၃၁ (၁) ကျန်သေးတယ်နဲ့တူတယ် အမှုရင်ဆိုင်ဖို့”ဟု ရှင်းပြသည်။

မစ္စတာ တိုရု ကူဘိုတာ (Toru Kubota)ကို စစ်ကောင်စီက သြဂုတ်လ ၃၀ရက်နေ့တွင် အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးတွင် လ၀က ဥပဒေပုဒ်မ-၁၃(၁)နှင့် ပုဒ်မ-၅၀၅ (က)တို့ဖြင့်စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့တာဖြစ်သည်။

တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် မြိတ်လမ်းတွင် ဇူလိုင်လ၃၀ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် စစ်ကောင်စီက မစ္စတာ တိုရု ကူဘိုတာ (Toru Kubota) နှင့်ဆန္ဒပြသပိတ်တွင်ပါဝင်သူနှစ်ဦးကို ရိုက်နှိက်ဖမ်းဆီးခဲ့တာဖြစ်သည်။