ဂန့်ဂေါ် စိုင်ဒူးကျေးရွာ၌ စစ်ကောင်စီတပ်များ နှစ်ညအိပ်တပ်ဆွဲပြီး တစ်အိမ်တက်ဆင်း ပစ္စည်းများခိုးယူသွား

Author မောင်ဒဂုံ
Categories
Published on Sep 14, 2022

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါ်မြို့နယ် စိုင်ဒူးကျေးရွာ၌ နှစ်ရက်ကြာ တပ်ဆွဲ နေထိုင်ခဲ့သည့် စစ်ကောင်စီ တပ်များက ရွာထဲရှိ နေအိမ်များမှ ပစ္စည်များကိုလည်း တစ်အိမ်တက်ဆင်း ခိုးယူသွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်တွင် စိုင်ဒူးကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်။

စစ်ကောင်စီတပ်များသည် စိုင်ဒူးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းထိ စခန်းချ နေထိုင်ခဲ့ပြီး ၄င်းတို့ နေထိုင်စဥ်အတွင် ရွာထဲရှိ နေအိမ်များအတွင်းဟတစ်အိမ်တက်ဆင်း ပစ္စည်းများကို မွှေနှောက်လုယက်သွားကြောင်း သိရသည်။

“လူနေအိမ်တွေကိုတော့ ကံကောင်းထောက်မစွာနဲ့ နေအိမ် တစ်လုံးမှ မီးတင်ရှို့မသွားခဲ့ဘူးလို့သိရပေမယ့် အိမ်တိုင်းလိုလို ခိုးယူလုယက်တာ၊ ဖျက်ဆီးသွားတာတွေကိုတော့ခံထားရတယ်လို့ သိရပါတယ်။” ဟု ယောအလင်းတန်းက ဆိုသည်။

စစ်ကောင်စီ တပ်များသည် စက်တင်ဘာ ၁၃ရက် နံနက် ၇နာရီ ခွဲခန့်တွင် စိုင်ဒူးကျေးရွာမှ ပြန်လည်ထွက်ခွာသွားသော်လည်း ဒေသခံရွာသားများ ရွာမပြန်ရဲသေးဟု သိရသည်။

Related News

Depend on news