ဂန့်ဂေါဒေသမြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် YDFတို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ရှစ်ဦးသေ

Author ခေတ်နီ
Categories
Published on Oct 18, 2022

မကွေးတိုင်း၊ ဂန့်ဂေါမြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ယောကာကွယ်ရေးတပ် YDFတို့ တိုက်ပွဲ ၂ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း YDFမှ သတင်းထုတ်ပြန်ထားသည်။

ဂန့်ဂေါမြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခလရ (၅၀) နှင့် ပျူစောထီး စုစုပေါင်း အင်အား ၁၅၀ ခန့်ပါဝင်သော စစ်ကြောင်းနှင့် ယောကာကွယ်ရေးတပ် -YDF တပ်ရင်း ပူးပေါင်းတပ်များကြား ယမန်နေ့မှာ ထိတွေ့တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်းနှင့် YDF ပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ် ရာ ရခဲ့ကာ တိုက်ပွဲအနီးနားရှိ ကျေးရွာတစ်ရွာမှ အရပ်သားအမျိုးသမီးတစ်ဦး ပေါင်ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။