ချဲဂဏန်း တလွဲပေးသည့် ဘိုးတော်တိတ် ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 08, 2022

 

မြဝတီမြို့ပေါ်တွင် လှည့်လည်သွားလာပြီး ချဲဂဏန်းများနှင့် အဆောင်ယတြာများပေးနေသည့် ဘိုးတော်တိတ် ဆိုသူကို မြို့ခံများက ဝိုင်းတိုင်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထားသည်ဟု မြို့ခံများထံမှ သိရသည်။

မြဝတီမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဘိုးတော်တစ်ဦးသည် မြို့ခံများကို နှစ်လုံး သုံးလုံးဂဏန်းများ လိုက်လံပေးရာ မသင်္ကာ၍ မြို့နယ်ကို တိုင်ကြားခဲ့ရာမှ ဖမ်းဆီးခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဘယ်ကလာတာလဲ မသိဘူး မြဝတီမှာတွေ့တာ ကြာပြီ လူတွေကို ချဲဂဏန်းလိုက်ပေး မျက်နှာပွင့်ဆေးလိုက်ပေးနဲ့ တိုင်တဲ့သူရှိလို့ သာသနာပိုင်တွေက ဖမ်းလိုက်တာ”ဟု ပြောသည်။

အဆိုပါ ဘိုးတော်ဆိုသူကို မြဝတီမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် စည်းကမ်း ထိန်းသိမ်းရေးရုံးမှာ စစ်ကောင်စီတပ်က သံကြိုးခတ်ကာ ဖမ်းဆီးထားပြီး စစ်ဆေးနေသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ရူးနေတာလား စိတ်မနှံ့တာလားတော့ မသိဘူး မြို့နယ်သာသနာရေးရုံးမှာ ဖမ်းထားပြီး စစ်နေတယ် ဘိုးတော်တိတ်တဲ့အမည်က ဘာမှမပြောဘူး တစ်ပါတ်နေလို့မှ ဘာမှမပြောရင် တိတ်နေတဲ့ ဘိုးတော်ကို အသံထွက်အောင်လုပ်ရမယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် အဆိုပါဘိုးတော်ဟုဆိုသူကို ဖမ်းဆီးထိန်းသိမ်းခံရတာနှင့် ပတ်သက်ပြီး မြဝတီမြို့နယ်ထွေအုပ်ရုံးကို CJ Platform က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍မရပေ။

ဓာတ်ပုံ- ပေးပို့

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

Related News

Depend on news