ချန်ပီယံလိဂ်မှာကစားချင်သေးတာကြောင့် ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်မယ့် ရော်နယ်ဒို

Author မောင်ရှမ်း
Categories
Published on Dec 01, 2022

မန်ယူအသင်းနဲ့လမ်းခွဲထားတဲ့ ရော်နယ်ဒိုအတွက် တစ်နှစ်လုပ်အဖြစ် ပေါင် ၁၇၃ သန်းနဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ စပိန်ရဲ့ နာမည်ကျော်သတင်းစာ မာကာ က ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် The Sun ရဲ့ ထုတ်ဖော်ရေးသားမှုမှာတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားဖို့ စိတ်အားထက်သန်နေဆဲဖြစ်တာကြောင့် ဆော်ဒီကလပ်ကို ငြင်းဆန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်ထားတဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကလည်း စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ဆိုတာကြောင့် အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှသာ တိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ်တူဂီအသင်းဟာ အုပ်စု ၂ ပွဲကစားပြီးချိန်မှာ ၆ မှတ်ရထားပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ သေချာနေခဲ့ပြီဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုတစ်ယောက် ဘယ်အဆင့်ထိ ဆွဲတင်ပေးနိုင်မလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

The Sun ရဲ့ တွက်ချက်ဖော်ပြမှုအရ ရော်နယ်ဒိုအနေနဲ့ ကာကာကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် တစ်နှစ်လုပ်ခအဖြစ် ပေါင် ၁၇၃ သန်းဖြစ်တာကြောင့် တစ်ပတ်ကို ၁၄.၄ သန်း၊ တစ်နာရီကို ပေါင် ၁၉၉၈၂ ထိ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။