ချင်းအမျိုးသားတပ်ဦး ဌာနချုပ် တိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအနေဖြင့် ဟားခါးမြို့ရှိ စျေးဆိုင်များ ပိတ်ထား

Author စကားဝါ
Categories
Published on Jan 11, 2023

ချင်းအမျိုးသားတပ်ဦး CNF၏ ဌာနချုပ်အား စစ်ကောင်စီမှ လေကြောင်းဖြင့် အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့မှုအပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ဟားခါးမြို့ရှိ စျေးဆိုင်အချို့ ပိတ်ထားကြောင်း ဒေသတွင် သတင်းဖော်ပြချက်များအရ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ရက်နေ့ ညနေပိုင်းတွင် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အား စစ်ကောင်စီမှ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၅ဦးကျဆုံးခဲ့ရပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုကို ဝမ်းနည်းသည့် အထိမ်းအမှတ်အနေဖြင့် ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ဟားခါးမြို့ရှိ စျေးဆိုင်များ မဖွင့်လှစ်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Hakha Campaign For Justice မှ မေတ္တာရပ်ခံပြီးနောက် ယခုကဲ့သို့ စျေးဆိုင်များ ပိတ်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီမှ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အား လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် အပစ်အခတ်ရပ်စဲရေးကြေညာချက်ကိုလည်း ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ခြင်း ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဟားခါးမြို့ #CNF #လေကြောင်းတိုက်ခိုက်မှု