ချင်းတွင်းမြစ်နောက်ဖက် ချင်းတောင် ဘုရားကုန်းအနီး အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဒေသခံ PDF များမှ လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်ဖြင့်တိုက်ခိုက်

Author မွန်လေး
Categories
Published on Jan 20, 2023

 

ချင်းတွင်းမြစ် အနောက်ဖက်၊ ချင်းတောင် ဘုရားကုန်းအနီး တပ်စွဲထားသည့် အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ်ကို ဒေသခံ PDF များမှ လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် သံမဏိတပ်ရင်း-၂၅ Chindwin Myay Division တပ်ခွဲ-၇ တပ်ခွဲမှူး ဗိုလ်နွေဦးက CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဖက်၊ ချင်းတောင်ကုန်းဘုရားကုန်းအနီးရှိ စစ်ကောင်စီတပ်ကို ဒေသခံ PDF များပူးပေါင်းပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ချင်းတောင်ဘုရားကုန်းအနီးမှာ တပ်စွဲထားတဲ့ခွေးတွေက အင်အား ၈၀ လောက်ရှိတယ်။ ကျွန်တော်တို့က သူတို့ကို ၆၀ မမနဲ့ အချက် ၁၀၀ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အဲ့ကောင်တွေ တည့်တည့်ကိုကျတဲ့အတွက် အသေအပျောက်တွေ ရှိနိုင်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေပြန်ပစ်တယ်။ တိုက်ပွဲက မိနစ် ၂၀ လောက်တော့ကြာတယ်” ဟု ဗိုလ်နွေဦးက ပြောကြားသည်။

လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ရာ လက်နက်ကြီး ကျည်များသည် စစ်ကောင်စီတပ်များအနီး ကျရောက်ပေါက်ပွဲပြီး စစ်ကောင်စီတပ်များ အထိအခိုက်အသေ ဆုံးရှိချေနိုင်သော်လည်း အရေအတွက် အတိအကျ အတည်မပြုနိုင်ကြောင်း ယင်းကဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယခု စစ်ဆင်ရေးအား မုံရွာခရိုင် သံမဏိတပ်ရင်း-၂၅ Chindwin Myay Division တပ်ခွဲ-၇ နှင့် Federal Democratic Revolution Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မုံရွာခရိုင် သံမဏိတပ်ရင်း-၂၅ Chindwin Myay Division တပ်ခွဲ-၇အနေဖြင့် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နေသည့်အတွက် လက်နက်များဖြည့်တင်းရန် အကူအညီများ လိုအပ်နေသည့်အတွက် ပြည်သူများအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးရန်လည်း နှိုးဆော်ထားသည်။

ဓာတ်ပုံ- Chindwin Myay Division
(တိုက်ပွဲမှတ်တမ်းရုပ်သံအား CJ Platform ၏ Telegram Channel တွင် ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မုံရွာခရိုင် #ချင်းတွင်းမြစ်အနောက်ဖက် #ဗိုလ်နွေဦး