ခေါတောကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး အလောင်းများအား လမ်းဘေးတွင် စွန့်ပစ်ခဲ့

Author လင်းခိုင်
Categories
Published on Jan 26, 2023

 

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ခေါတောကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လေးဦး သေဆုံးခဲ့ပြီး အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း Ngwe Dwin Revolution Force မှ ပြန်ကြားရေးတာ၀န်ခံက ယနေ့တွင် CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းတွင် ခေါတောကျေးရွာသို့ စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသည်ကို သတင်းရရှိသဖြင့် NRDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကြဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဲ့ကောင်တွေ တောထဲ တစ်နေရာမှာ နားနေတဲ့အချိန် ဗုံးသီး ၆လုံးချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီနေ့မနက်မှာ စစ်ခွေးတွေနားခဲ့တဲ့ တဲထဲမှာ အလောင်း ၄လောင်းတွေ့တယ်လို့ ရွာခံတွေပြောတယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၀က်လက်မြို့ အနောက်ဘက်ခြမ်းတွင် တစ်ရွာ၀င်၊ တစ်ရွာထွက် လုယက် မီးရှို့မှုများ လုပ်ဆောင်နေပြီး၊ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ကာ လှတောရဲစခန်းသို့ ပို့ဆောင်မှုများ ပြုလုပ်နေကြောင်းလည်း ယင်းက ဆက်လက်ရှင်းပြသည်။

“အဲ့ဒီလိုလုပ်နေတာ ၃ ရက်လောက်ရှိပြီ၊ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မူးကြီးရွာကို မီးရှို့ပြီး၊ ခေါတောရွာကို ကူးလာတယ်ဆိုတာ သတင်းရတာနဲက ဗုံးသွားချတိုက်ခိုက်ခဲ့တာ” ဟု သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက ဆက်လက် ပြောကြားသည်။

ယခုစစ်ဆင်ရေးအား Ngwe Dwin Revolution Force၊ M Sai Naw ငရဲမီး၊ မုံရွာရိုင်တပ်ရင်း ၆၊ မုံရွာခရိုင် တပ်ရင်း ၂၁-တပ်ခွဲ ၂နှင့် MRTF တို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ၊ ဗီဒီရို- Ngwe Dwin Revolution Force
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #ခေါတောကျေးရွာ