ခေါက်ပလော့တိုက်ပွဲအတွင်း KNDFရဲဘော်နှစ်ဦးကျဆုံး

Author ခေတ်နီ
Categories
Published on Sep 25, 2022

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီကာကွယ်ရေးတပ်များကြား တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်မှ ရဲဘော်နှစ်ဦးကျဆုံးသွားခဲ့တယ်လို့ အဆိုပါရဲဘော်များနှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁ မှရဲဘော် နှစ်ဦးဖြစ်သည့် ရဲဘော်သာဒင်နှင့် ရဲဘော် စောဒိုထူးတို့ ကျဆုံးခဲ့တာပဲဖြစ်သည်။

“သူတို့က တပ်ရင်းရော တပ်ခွဲရောတူတယ် ထိတယ်ဆိုတဲ့သတင်းကြားတည်းက အရမ်းမဖြစ်ပါစေနဲ့ဆုတောင်းနေတာ ဖြစ်မလာဘူးလေ”ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

ထို့အပြင့် အဆိုပါနေ့မှာပဲ ခေါက်ပလော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၁၁၀၇ တပ်ရင်းရဲ့စစ်ကြောင်းမှူးတစ်ဦး ကျဆုံးသွားပါသေးသည်။