ခိုမုန်းတပ်စခန်းမှ သိမ်းဆည်းရမိခဲ့ လက်နက်ခဲယမ်းများကို TNLA ထုတ်ပြန်လာ

Author ခေတ်နီ
Categories
Published on Dec 09, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခိုမုန်းတပ်စခန်း သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း တအာင်းအမျိုးသားတပ်မတော် TNLAမှ သတင်းထုတ်ပြန်လာသည်။

အဆိုပါ ခိုမုန်းတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် TNLAတပ်ဖွဲ့များမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး  စစ်ကောင်စီတပ်၏ ၆၀  မမလက်နက်ကြီးများ အပါအဝင် လက်နက်ငယ် ငါးလက်နှင့် ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းမိကြောင်း TNLAက ဆိုသည်။

ထိုနည်းတူ ထိုနေ့တွင်ပင် ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ လယ်ကြီးတပ်စခန်းအား TNLAမှ ထပ်မံသိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ငါးဦးနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာလ ၂၇ မှ စတင်ကာ ယမန်နေ့ အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၅၃ ခုကို TNLAမှ သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

 

ဓာတ်ပုံ – TNLA

 

ပုံစာညွှန်း – လယ်ကြီးနှင့် ခိုမုန်းတပ်စခန်း သိမ်းပိုက်မှုမှ ဖမ်းဆီးရမိသ ည့်စစ်သုံပန်းနှင့် လက်နက်ခဲယမ်းများအား မြင်ရပုံ

Related News

Depend on news