ခမရ-၄၂၈ တပ်စခန်း ကင်းပုန်းနေရာအား စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ဟု KNDFထုတ်ပြန်

Author ခေတ်နီ
Categories
Published on Nov 05, 2022

 

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီ ၏ ခမရ(၄၂၈)တပ် ကင်းပုန်းနေရာအား စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၄ က ယမန်နေ့မှာ ထုတ်ပြန်ထားသည်။

ခမရ(၄၂၈)တပ်၏ ကင်းပုန်းနေရာကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကရင်နီတပ်မတော် (KA)နှင့် KNDF တပ်ရင်း ၄တို့ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှတပ်သား ၂ဦးသေဆုံးကာ ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်အောက်တိုဘာအတွင်း ကရင်နီပြည်တွင်းတိုက်ပွဲပေါင်း ၃၂ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ၂၈ ဦးထိသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက် မှတ်တမ်းများအရ သိရသည်။

Telegram Link: https://t.me/cjplatform
Website Link: https://cjplatform.com/
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform