ခင်ဦးနယ် မြစ်တော်ရွာကို စစ်ကောင်စီတပ် ဖျက်ဆီးနေ

Author ခေတ်နီ
Categories
Published on Nov 26, 2022

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ မြစ်တော်ကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ (နိုဝင်ဘာ၂၆)မနက်ပိုင်းမှ စတင်၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ခင်ဦးမြို့နယ် အနောက်ခြမ်းမှာရှိသည့် မြစ်တော်ကျေးရွာအား သာဝတ္တိကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ အင်အား ၈၀ပါစစ်ကြောင်းမှ ယနေ့ မနက် ၇နာရီခွဲဝန်းကျင်မှ စတင်ကာ မီးရှို့ဖျက်ဆီးနေခဲ့တာပဲ ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ်မည်မျှ ပျက်စီးခဲ့ကြောင်း အတည်ပြုမရသေးပဲ စစ်ကောင်စီတပ်မှ ကျေးရွာနေ သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“အိမ်ခြေ ဘယ်လောက်ပါသွားတယ် မသိရသေးပါဘူး အဖိုးအို တစ်ဦး ပစ်သတ်ခံခဲ့ရတယ် လို့ ကနဦးသာ သိရပါသေးတယ်”ဟု Khin U Specialforce Orgenization KSOမှ တာဝန်ရှိသူတစ်ဦးမှလဲCJ Platformသို့ ပြောပြသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ကာ ကံသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်သွားကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #မြစ်တော်ကျေးရွာ